Chapter-4

1.5K 120 53
                                    

Unicode

ကျောင်းပြန်လိုက်ပို့သည့်ရက်မှစလို့လီဆောင်းဂျယ်ဟာထယ်ယောင်းတို့အိမ်ကိုအချိန်တိုင်းလိုလိုလာရောက်လည်ပတ်လေ့ရှိသည်။

လပတ်စာမေးပွဲမလာခင်ကျောင်းပိတ်ရက်ရှိသေးတာမို့ ဂျီဝမ်ကလဲထိုသူလာသည်ကိုအိမ်ချင်းကပ်ရက်ဖြစ်သူပီပီသိရမြင်ရသည်။

ထယ်ယောင်းအပြောအရထိူလူကအမထယ်ယွန်းထက်ပင်တစ်နှစ်ကြီးပြီး တက္ကသိုလ်ကျောင်းသားဆိုသည်ကိုပါထပ်သိခဲ့သည်။

တက္ကသိုလ်ကျောင်းသားကကိုယ်ကျောင်းကိုတက်ပြီးစာလုပ်နေမယ်မရှိဘူးဒီကဆယ်ကျော်သက်တွေနဲ့လက်ယားလက်ယားလာလုပ်နေတယ်။

ဂျီဝမ်ကထိုလူကိုလုံးဝအမြင်မကြည်ခဲ့ပါ ။ထယ်​ယောင်းအပေါ်ပိုသာပြနေသည့်စေတနာအပြည့်အလျှံနှင့်တဏှာခိုးဝေနေသည့်အကြည့်တို့ကြောင့်ပိုလို့ပင်မကြည်ဖြူပါ။သို့သော် ထယ်ယောင်းကဖြူစင်သူပီပီထိုလူ့အတွေး အကြည့်တို့အားသတိမပြုမိပုံသာ။

အခုလည်းပဲအိတ်ကြီးအိတ်ငယ်နဲ့ထယ်ယောင်းတို့အိမ်ထဲဝင်သွားပြန်ပါပြီ ဒီလူတကယ်ပဲအားယားနေသလား။

ပတ်ဝန်းကျင်ကလူတွေကတော့ အမထယ်ယွန်းကိုပိုးပန်းနေတယ်ထင်ကြပေမယ့် ဒီလူကတော့ ထယ်ယောင်းကိုချိန်နေတယ်ဆိုတာ ဂျီဝမ်ကိုယ်တိုင်သာအသိဆုံးပင်။

ထယ်ယောင်းကိုယ်တိုင်ကလဲသူ့အမကိုစိတ်ဝင်စားနေတယ်သာထင်နေတာကြောင့်ရော ယောက်ျားလေးချင်းဒါမျိုးမရှိနိုင်ပါဘူးထင်နေတာကြောင့်ရယ်ပဲလားမသိ ဒီလူ့အပေါ်သဘောကောင်းနေဆဲပင်။

ဂျီဝမ်အလိုမကျသလိုမျက်မှောင်ကျုံ့ထားရင်း ထယ်ယောင်းတို့အိမ်ဘက်ကိုကူးလိုက်သည်။

''ထယ်ယောင်းရေ!!ထယ်ယောင်း''
ထိုလူထိုင်နေသည့်ဘေးနားကပ်ကာအသံကုန်အော်ခေါ်လိုက်သည်။ နားအူသွားသည်ထင်နားနှစ်ဖက်ကိုပိတ်ရင်း လူကိုလာပြန်ကြည့်နေသေးသည်။ ကန်းသွားရမှာ ။

''တိုးတိုးခေါ်လဲငါကြားပါတယ် ဂန်ဂျီဝမ်ရာ
အရပ်ထဲမီးလောင်တာကျလို့အော်ကြီးဟစ်ကျယ်နဲ့''

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now