Chapter-11

1.3K 110 52
                                    

Unicode

အလုပ်လုပ်နေရင်းစိတ်မပါတော့ပဲ တစ်စုံတစ်ယောက်ကိုအရမ်းတွေ့ချင်လာပြီမို့ စုံစမ်းသိရှိသည့်အတိုင်း ထယ်ယောင်းတက်သည့်ကျောင်းကို ဂျောင်ဂုအချိန်မဆွဲပဲထွက်လာမိတော့သည်။

သူကျောင်းကိုရောက်ရှိချိန်ဟာ ကျောင်းဆင်းချိန်မို့ ကျောင်းသားအတော်အများပင် ကျောင်းပြင်ရောက်နေကြလေပြီ။

တစ်ဦးတည်းသောသူလေးအားပြန်သွားပြီလားအထင်နှင့်မတွေ့ရတော့မှာစိုးရိမ်စိတ်ဝင်မိသော်လည်း တရွေ့ရွေ့လျှောက်လှမ်းနေသည့် ပုံရိပ်လေးကြောင့် ဂျောင်ဂုမျက်နှာဝင်းပသွားရသည်။

ခေါင်းငုံ့ကာလျှောက်လှမ်းနေသည့်ကောင်လေးကသူ့ကိုမြင်ဖိူ့အလားအလာမရှိတာမို့ လှမ်းသာခေါ်လိုက်ရသည်။ နာမည်ကိုအော်ခေါ်မိသော်လည်း ထွက်သွားသည်က စိတ်ထဲကပေးနှင့်ပြီးသားဖြစ်သည့် ''ကင်မ်ငယ်''ဟုသာ...။

ထိုတော့မှသူ့ကိုမြင်ပြီးပြေးလာသည့်ကောင်လေး။

''လူကြီး ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ''

မျက်လုံးလေးပြူးကာအံ့သြနေသည့်ကောင်လေးကိုအသဲယားလွန်းလို့ ပါးလေးနှစ်ဖက်ကိုဖျစ်ညှစ်ပစ်လိုက်ချင်သည်။ သို့သော်လည်းဆန္ဒကိုသိက္ခာနဲ့သာထိန်းလိုက်ရသည်။

ခင်မင်တာမကြာသေးပဲထိုသို့ပြုမူမိရင်ကောင်လေးငယ်ကသူ့ကိုလန့်သွားမှဖြင့် ဟက်ကော့ကြီးကျန်ခဲ့ရမှာတော့ဂျောင်ဂုမလိုလား။

'' မင်းကိုတွေ့ချင်လို့လာခဲ့တာ''

​ကွေ့ပတ်ခြင်းမရှိသည့်တဲ့တိုးစကားကြောင့် ထယ်ယောင်းရင်ထဲနွေးကနဲ။

''အာ ကိစ္စများရှိလို့လား''

ဘယ်လိုပဲစိတ်ထဲကြည်နူးမိနေနေ တဖက်လူသတိမထားမိစေရန် ထယ်ယောင်းအမေးတစ်ခုနှင့်သာ သူ့အပြုအမူကိုထိန်းထားလိုက်တော့သည်။

''မဟုတ်ဘူး ''

''ဒါဆိုဘာလို့လဲ''

''သတိရနေမိလို့ ''

''ဗျာ...!''

သည်လူကြီးကတော့လူကိုရင်ခုန်အောင်အရမ်းလုပ်...။ဘာလို့တဲ့တိုးကြီးလဲ မနေတတ်တော့ဘူး ဗျာ။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now