Chapter-10

1.4K 119 30
                                    

Unicode

ထယ်ယောင်းဒီနေ့တော့ကျောင်းသွားရမှာမို့ အမထယ်ယွန်းလာမနှိုးခင်ကတည်းကစောထကာရေမိုးချိုးပြီးပြင်ဆင်နေလိုက်သည်။

ပြီးခဲ့တာတွေအတွက်ရှောင်ပြေးခဲ့သည့်အချိန်ဟာလုံလောက်ပြီမို့ သန်သန်မာမာဖြတ်သန်းသွားဖို့ စိတ်ကိုအတတ်နိုင်ဆုံးလဲပြင်ဆင်ထားပြီးပြီဖြစ်သည်။

''ဟင် ထူးထူးဆန်းဆန်းဒီနေ့တော့အစောနိုးလို့ပါလား ကင်မ်ထယ်ယောင်း''

''အော ဗိုက်ဆာလို့''

ဗိုက်ကိုပွတ်ရင်းစားပွဲဘက်လှမ်းနေသည့်ထယ်ယောင်းကိုကြည့်ကာ ထယ်ယွန်းပြုံးလိုက်မိသည်။ တကယ်ဆို ကင်မ်ထယ်ယောင်းက ရင့်ကျက်ချင်ယောင်ဆောင်နေတဲ့ ကလေးလေးပါပဲ။

''ပေါင်မုန့်မီးကင်နဲ့စတော်ဘယ်ရီယိုသာသုတ်စားလိုက်ပါ ငါဒီနေ့ချက်ရမှာပျင်းလို့''

''ဟင်းးးးပြီးရော''

မစားချင်တာကိုစားရတော့မှာမို့ ကင်မ်ထယ်ယောင်းတစ်ယောက်ပျင်းရိလေးတွဲသွားလေပြီဖြစ်သည်။ သို့ပေမယ့်လဲ ဗိုက်ကဆာနေပြီမို့ ပေါင်မုန့်ပေါ်ယိုကိုယုတ်မနေပဲပေါင်မုန့်ကိုကိုက်လိုက်စတော်ဘယ်ရီယိုကိုတစ်ဇွန်းစားလိုက်လုပ်နေတော့သည်။

''ငါ့ထက်ပိုပျင်းနေပါလားဟယ် သေချာယိုသုတ်စားပါ ချောင်းတွေဆိုးမယ်''

''ဟွန့်''

နှုတ်ခမ်းကိုဘဲလိုစူထော်ထားပြီမို့ စိတ်ဆိုးနေပြီဆိုတာထယ်ယွန်းသိလိုက်ရပါပြီ။

''စိတ်ဆိုးမနေနဲ့တော့ ဒီနေ့မုန့်ဖိုးပိုပေးမယ်လေ''

''တကယ်လား''

''အင်းပေါ့ ငါကနင့်ကိုနောက်မလား''

''အ့ဆိုပြီးရော''

ထိုတော့မှပေါင်မုန့်တစ်ချပ်ယူကာယိုကိုသေချာသုတ်ပြီးစားပြလာသည်။ မျက်နှာထားကလဲခုနလိုစူပုတ်မနေပဲ ပြုံးတုံးတုံးဖြင့်။ ကလေးလေးဖြစ်နေ့သည့် ထယ်ယောင်းအား ခေါင်းလေးကိုခပ်ဖွဖွပုတ်လိုက်သည်။

''စားပြီးပြီ ဗိုက်လဲဝပြီ သွားကြမယ် အမ''

''လာအုံး နက်ကတိုင်ကိုသေချာစည်းရမှာပေါ့''

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now