Chapter-32

1.1K 91 41
                                    

Unicode

တီ!...တီ!...

သုံးကြိမ်တိတိခေါ်ဆိုပြီးသည်တိုင် ကိုင်သူမဲ့နေသည်မို့ ထယ်ယောင်းဖုန်းခေါ်ခြင်းကိုလက်လျော့လိုက်ရသည်။

''လူကြီးက ကျွန်တော့်ကိုတကယ်မချစ်ခဲ့ဘူးပဲ''

နှုတ်မှရွတ်မိလိုက်သလို မျက်ဝန်းထဲမှမျက်ရည်စတို့ဟာလဲ ပါးပြင်ထက်နေရာယူခဲ့ပြီ...။

ဒေါက် ဒေါက်!

ခေါင်းအုံးထဲမျက်နှာအပ်ကာ ဝမ်းနည်းမှုတွေဖြေဖျောက်နေစဥ် ကြားရသည့်တံခါးသံကြောင့် မျက်ရည်တွေကိုသုတ်ကာ လေးလံသောခြေလှမ်းများဖြင့် ထဖွင့်မိသည်။

''အင့်..''

ရုတ်တရက်ပွေ့ဖက်ခံရမှုနှင့်အတူ ရင်းနှီးပြီးသား အထိအတွေ့က တံခါးဖွင့်ဖွင့်ချင်းမိတ်ဆက်သည်။

ဒီရင်ခွင်နွေးနွေးကို သိပ်လွမ်းနေခဲ့တာ...။
ရနေကျ မွှေးရနံ့လေးက ဒီနေ့မှပိုမွှေးနေသလား မပြောတတ် ထယ်ယောင်း ဂျောင်ဂုကိုလွတ်ထွက်မသွားအောင် ဖက်ထားမိတာ...။

ဘာကိုမှမတွေးပဲချစ်မယ် ။
ဒီရင်ခွင်နွေးနွေးမှာပဲ ခိုနားမယ်။
ခင်ဗျားက ကျွန်တော့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာထိကို အပြီးအပိုင် နေရာယူခဲ့ပြီ...။
အဆုံးအရှုံးမခံနိုင်ဘူး။
ကျွန်တော်မဆိုးတော့မှာမို့ ပစ်မထားနဲ့တော့။

''ကလေးငယ်....''

''ဟင့်...လူကြီး!!''

ရင်ခွင်ထဲခေါင်းတိုးကာတင်းကြပ်စွာဖက်ထားသည့်ထယ်ယောင်းကို ဂျောင်ဂုစကားပြောရန်ကိုယ်မှခွာစေသေည်လည်း ထယ်ယောင်းကလက်မခံ ဂျောင်ဂုခေါ်သည့် နာမ်စားတစ်ခုကြောင့် နာမည်တပြီးကို အော်ငိုနေတော့သည်။

ဧည့်ခန်းမှ ထယ်ယွန်းကတော့ မောင်ဖြစ်သူဖြစ်ပျက်နေသမျှကိုမြင်နေကြားနေရတာမို့ စိတ်ပျက်သလို မျက်လုံးကိုနောက်လှန်ကြည့်ရင်း ခေါင်းတခါခါသာ...။

''ဘာလို့အခုမှလာတွေ့ရတာလဲ...ဖုန်းလဲမဆက်စာလဲမပို့ပဲတစ်ပတ်ကျော်တောင် ပစ်ထားရက်တာလား ခင်ဗျားကြီးအရမ်းဆိုးတာပဲ...ဟင့်''

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now