Chapter-24

1K 90 60
                                    

Unicode

ဒီရွာလေးမှာသူတို့နေခဲ့တာယခုဆိုရင် ၇ပတ်မြောက်ပင်ရှိခဲ့ပြီ။

နေ့စဥ်ခြံဝန်းထဲကပျိုးပင်၊ပေါင်းပင်နှင့်ပန်းပင်အချို့အား ရေလောင်းပေါင်းသင်ရင်း,မနက်အစောထကာအလုပ်သွားသည့်ခင်ပွန်းသည်ဖြစ်သူပြန်လာမည့်နေဝင်ချိန်တိုင်းအိမ်ရှေ့ကွပ်ပျစ်မှာစောင့်ရင်းနဲ့ပဲ လေးဆယ့်ကိုးရက်တိုင်တိုင်ပျော်ရွှင်စွာပဲဖြတ်သန်းခဲ့ရသည်။

မနက်ဖြန်ဆိုရင် နှစ်ယောက်အတူအရာအားလုံးစွန့်လွှတ်ခဲ့ပြီးထွက်လာခဲ့သည်မှာရက်ငါးဆယ်ပြည့်ပြီဖြစ်ပြီး ဂျွန်နဲ့သူရဲ့ချစ်သူရည်းစားသက်တမ်းရက်ပေါင်းတစ်ရာပြည့်မယ့်ရက်လေးလည်းဖြစ်နေသည်။

''ဘာတွေစဥ်းစားပြီးပြုံးနေတာလဲ ကင်မ်ရဲ့''

ပန်းပင်တွေငေးရင်းအတွေးလွန်မိတာ ဂျွန်ဘက်ကအခေါ်ပြုရင်းပုခုံးကိုလာဖက်တော့မှလက်ရှိကာလသို့ပြန်ရောက်လာရတော့သည့်ထယ်ယောင်းအဖြစ်...။

''ဂျွန်နဲ့ကျွန်တော့်အကြောင်း''

''ဟုတ်လား ကိုယ့်ကိုလဲပြောပြလေ''

ဂျောင်ဂုကထယ်ယောင်းဘေးတွင်ဝင်ထိုင်ကာထယ်ယောင်းခါးလေးကိုဖတ်ရင်းပြောလိုက်တော့ ထယ်ယောင်းလဲ ဂျောင်ဂုရင်ခွင်ထဲနေရာယူလိုက်ပြီး

''ကျွန်တော်တို့တွေ့ခဲ့တဲ့အချိန်နဲ့ချစ်သူရည်းစားဖြစ်ခဲ့ချိန်ဟာသိပ်တိုတောင်းလွန်းတယ်နော် ''

''တိုတောင်းလွန်းတဲ့အချိန်မှာ ဖြစ်တည်ခဲ့ပေမယ့်ကိုယ်တို့နှစ်ယောက်ရဲ့အချစ်တွေကတော့ ခဏတာအတွက်မဟုတ်ခဲ့ဘူးလေ''

''ဒါပေါ့ ကျွန်တော်လေ ဂျွန့်ကိုအမြဲကိုချစ်နေမှာသိလား သေသွားခဲ့ရင်တောင် နောက်ဘဝဆိုတာတွေရှိရင်လေ အဲ့ဘဝတွေထိဂျွန့်ကိုပဲချစ်နေမှာ''

ခြံရိုးကိုပန်းတွေဘက်မျက်နှာမူရင်းတွေးတွေးစစပြောနေသည့်ထယ်ယောင်းရဲ့မျက်နှာထပ်မှ ဝဲကျနေသည့်ဆံပင်တွေကို ဂျောင်ဂုက နားကြားပြန်ညှပ်ပေးကာ

''ကိုယ့်ကိုချစ်တယ်ဆိုတာကိုယုံပါတယ်
ဒါပေမယ့် သေစကားတော့ထပ်မပြောရဘူး ''

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now