Chapter-3

1.7K 128 43
                                    

Unicode

''အမ ငါဘူဆန်ကိုတစ်ပတ်လောက်ပြန််မယ်''

မောင်နှမနှစ်ယောက်မနေ့ညကဖက်ငိုလို့အပြီးဘာစကားမှမပြောဖြစ်ခဲ့ကြပဲ အိပ်ယာဝင်ခဲ့ကြသည်။

မနက်ထမင်းစားဝိုင်းမှာတော့ ထယ်ယောင်းမျက်နှာဟာဖျော့တော့စွာရှိနေသလို့ ထယ်ယွန်းဟာလဲမျက်နှာမကောင်းပဲတစ်ခုခုကိုအတွေးလွန်နေသလိုရှိသည် ။

တိတ်ဆိတ်နေသည့်အခန်းအတွင်း ဘူဆန်ပြန်မယ်ဆိုသည့်ထယ်ယောင်းစကားကြားမှထယ်ယွန်းအသိစိတ်ပြန်ကပ်ကာ

''ငါမပါပဲမသွားရဘူး အဲ့နေရာဆိုပိုလို့တောင်မသွားစေချင်ဘူး''

''တစ်ပတ်လောက်ပါပဲအဖွားကိုလဲလွမ်းလို့ နောက်ပြီးငါ့စိတ်တွေအခုအရမ်းပူလောင်လွန်းနေတယ် ''

အရင် ၃ နှစ်ကပုံစံတိုင်းအားနည်းဖျော့တော့စွာပြောလာသောကြောင့်ထယ်ယွန်းစိတ်မချသော်ငြား ခွင့်ပြုလိုက်တော့သည်။

''ဟုတ်ပြီလေ ငါလိုက်ခဲ့ရအုံးမလား''

''ဟင့်အင်း တစ်ယောက်ထဲသွားမယ်''

''ဘယ်နေ့သွားမှာလဲ''

''အခုပဲ အဝတ်တွေထည့်ပြီးပြီ လက်မှတ်လဲညထဲကဝယ်ပြီးပြီ ၉နာရီကားနဲ့သွားမှာ''

အားလုံးစီစဥ်ပြီးသားဖြစ်နေသောထယ်ယောင်းကသူ့ကိုအသိပေးရုံသာဖြစ်ပေမည်။ တစ်ယောက်ထဲဘယ်သွားမှန်းမသိမထွက်သွားတာပဲကျေးဇူးတင်မိပါသည်။

''မလိုတော့ဘူးပဲ သွားကြမယ်လေ လိုက်ပို့မယ်''

လိုက်မပို့ရန်ငြင်းရန်ပြင်လာတာမို့ ထယ်ယွန်းကပဲကြိုပိတ်ထားလိုက်တော့သည်။

''မငြင်းနဲ့ ကားပေါ်တက်သွားတဲ့အထိကြည့်ရမှ နင့်ကိုစိတ်ချနိုင်မှာ''

ဘူဆန်သွားမည့်ကားဂိတ်ရောက်တော့ အမကကျွန်တော်လိုက်ပါသည့်ကားထွက်ခွာသည်အထိကြည့်ပြီးမှပြန်သွားသည်။

ကျွန်တော်အခုလိုထွက်လာခဲ့တာ ကျွန်တော့်ရဲ့ဒီပျော့ညံ့နေတဲ့ပုံကိုအမကိုမမြင်စေချင်တော့တာကြောင့်ပင်။ ကျွန်တော်ကြောင့်သူပင်ပန်းရတာများပါပြီ။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now