chapter-14

1.1K 109 56
                                    

Unicode

ဂျောင်ဂု ထယ်ယောင်းပို့သမျှစာတွေကိုဖတ်ရုံသာဖတ်ကြည့်ဖြစ်ပြီး ပြန်စာမပို့ဖြစ်ခဲ့...။ဆက်သမျှဖုန်းတိုင်းကိုလဲမကိုင် ကုမ္ပဏီကိုလဲမသွားပဲနေကာ အခန်းထဲမှာပဲနေနေမိတာ တပတ်တင်းတင်းပြည့်တော့မည်ဖြစ်သည်။

အတွေးတွေများလွန်းလို့ မအိပ်နိုင်မစားနိုင်ဖြစ်နေတာကြောင့် ဖြူဖျော့နေသည့်မျက်နှာနှင့် အားအင်နည်းနေသည့်ခန္ဓာကိုယ်ဟာချိနဲ့နဲ့သာ...။

ကျွန်တော့်အတွက်ဒီအစွဲအလမ်းဟာဆယ်စုနှစ်တစ်နှစ်စာခန့်ရှိပြီမို့ ကင်မ်ထယ်ယွန်းဆီမှသိခဲ့ရသည့်အကြောင်းအရာတို့ဟာတုန့်လှုပ်စေခဲ့တာတော့အမှန်ပါပင်...။

အမြဲလိုလိုအိပ်မရအောင်အိပ်မက်တွေပေးမြဲဖြစ်သည့် ကင်မ်ဟာ သူကျွန်တော့်ဆီလာခဲ့ပါ့မယ်လို့သာအမြဲတဖွဖွကတိတွေပေးနေတတ်တဲ့နိမိတ်ပြအိပ်မက်တို့ကိုပေးခဲ့ပြီးမှ မကြာသေးခင်ကနောက်ဆုံးအိပ်မက်အနေနှင့် မက်ခဲ့ရသည်က သူဟာဝိညာဥ်ပါ မကျွတ်မလွတ်သေးပါဘူးဟုဆိုတယ်။

ကျွန်တော့်ကိုရူးသွားစေချင်နေတာပဲလား ။တကယ်ကိုမသိတော့ပါဘူး ။

လွန်ခဲ့သောဆယ်နှစ် ကျွန်တော့်အသက်ဆယ့်ရှစ်နှစ်အရွယ်မှာ လေ့လာရေးခရီးသွားရင်းမတော်တဆမှုတစ်ခုကြောင့် ဆေးရုံတက်ခဲ့ရသည်။ ခေါင်းကိုထိခိုက်မှုရခဲ့ပြီး ဆေးရုံမှာရက်အတော်ကြာနေခဲ့ရသည်။

အဲ့သည့်အချိန်မှစလို့ ကျွန်တော့်ရဲ့အိပ်မက်တွေကနေတစ်ဆင့် ကျွန်တော့်ရဲ့အရင်အတိတ်ဘဝကိုမှတ်မိခဲ့တာဆိုလဲမမှားပါ... ။

ထိုအချိန်မှစလို့ အတိတ်ဘဝနဲ့ အခုလက်ရှိဘဝကြား ကျွန်တော်ဟာအရူးတစ်ယောက်လိုပဲ လူတစ်ယောက်ကို စွဲစွဲလမ်းလမ်းကိုစောင့်ဆိုင်းနေခဲ့မိတာ..။

အတိတ်ဘဝကိုမှတ်မိခဲ့စဥ်ကထဲက ကျွန်တော့်ဆီအရောက်လာခဲ့မယ်တဖွဖွပြောနေတတ်ပြီး ကျွန်တော်နဲ့သူရဲ့နောက်ဆုံးလမ်းခွဲချိန်မှာပေးခဲ့တဲ့ကတိကိုအထပ်ထပ်အခါခါမြင်ယောင်ပြီး အိပ်မက်အဖြစ်မက်စေခဲ့သည်။ဒါဟာလဲ ဆယ်နှစ်တိုင်တိုင် မက်ခဲ့ရသည့်အိပ်မက်တွေပင်...။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin