Chapter-12

1.3K 113 62
                                    

Unicode

ညအိပ်မီးရောင်သာရှိသည့်အခန်းအတွင်း အိပ်ရာယာထက်မှဂျောင်ဂုတစ်ယောက် ရင်ဘတ်တို့ဟာနိမ့်ချည်မြင့်ချည်ဖြစ်နေပြီးအသက်ရူသံတို့ဟာလဲမြန်နေသည့်အပြင် ချွေးသီးချွေးပေါက်တို့ဟာလဲကျနေသေးသည်။

''မဖြစ်ရဘူး ဟင့်အင်း မဟုတ်ဘူး!!''

''အားး!!''

အော်သံနှင့်အတူငေါက်ကနဲထလာပြီး အသက်ပင်ဝအောင်ပြန်ရူရတော့သည်။အချိန်ကိုကြည့်မိတော့ 2:45Am သူအိပ်မက်တွေမမက်တော့တာ ကင်မ်ငယ်နဲ့တွေ့ပြီးထဲကပင် ။

ဒီနေ့မှပြန်မက်နေခဲ့ပြီး အိပ်မက်ထဲကအကြောင်းအရာကလဲ ကင်မ်က လူပြန်ဝင်စားခြင်းမရှိဘဲဝိညာဥ်ဘဝနှင့်နေနေရသည်တဲ့လေ။

ဒါဆိုကင်မ်ငယ်ကဘယ်သူလဲ ကင်မ်ထယ်ယောင်းကသာကင်မ်ဟုတ်မနေရင်ရော

''ဟင့်အင်း ကင်မ်ထယ်ယောင်းကငါ့ရဲ့ကင်မ်ပါ ဒါကြောင့်မို့ ငါကင်မ့်ကိုပေးခဲ့တဲ့ကတိအတိုင်း အချိန်ခဏလေးအတွင်းမှာ ကင်မ်ငယ့်ကိုလဲကင်မ်နဲ့တုန်းကလိုပဲ ချစ်နိူင်သွားတာလေ''

ဘာလိုအကြောင်းတရားတွေပဲရှိနေပါစေ ကျွန်တော်အတွက် ကင်မ်ထယ်ယောင်းဆိုတာ
ကင်မ်ပဲဖြစ်ရမည် ။

အိပ်မက်မက်ခဲ့သည်တိုင် ဂျောင်ဂုအတွေးထဲ ကင်မ်ထယ်ယောင်းဟာ ကင်မ်ဖြစ်နေဖို့သာဆန္ဒရှိနေဆဲပင်။

''မဖြစ်သေးပါဘူး ကင်မ်ငယ်ကိုအမြန်ဆုံးအနားမှာထားဖို့စီစဥ်ရမယ်''

ဂျောင်ဂုတစ်ယောက်အခုထက်ထိစိတ်ငြိမ်သေးပုံမရ မျက်လုံးတို့ဟာကျီးကန်းတောင်းမှောက်လိုက်ကြည့်နေပြီး အတ္တဆန်သည့်စကားတို့ကိုသာဆက်တိုက်ဆိုနေတော့သည်။

ဘေးနားကဝိညာဥ်ငယ်မှာတော့ အိပ်မက်ပေးလိုက်မှပိုလို့ပင်ဆိုးရွားသွားသည့်ဂျောင်ဂုအခြေအနေကြောင့် မျက်နှာပင်မကောင်းတော့။

{ဂျွန်ရယ် မျှော်လင့်နေသူအဖို့သူမျှော်နေသူကိုတွေ့ရဖို့အတွက် ကောက်ရိုးလေးတမျှင်လောက်အခွင့်အရေးရှိနေရင်တောင် ထိုကောက်ရိုးလေးကိုဆွဲထားတတ်ကြသည်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now