Chapter-7

1.4K 124 22
                                    

Unicode

ဘူဆန်ကိုရောက်သည်နှင့်ပထမဆုံးသွားဖြစ်တာက အဘွားရှ်ိရာကိုသာ။ လမ်းကပန်းဆိုင်မှာနှင်းဆီဖြူတစ်စည်းကိုဝယ်ရင်း ဘက်စ်ကားဖြင့်သာထွက်ခဲ့သည်။

ဆင်းရမည့်မှတ်တိုင်ရောက်သည်နှင့် မြင်တွေ့ရသည့်စိမ်းစိုမှုကြောင့် ပြုံးလိုက်မိသည်။

သစ်ပင်ကြီးများစွာကလျှောက်လမ်းတစ်ခုလုံးကိုနေရာယူထားသည်ကြောင့် တောလမ်းထဲလမ်းလျှောက်နေရသလို စိတ်အစုံကိုအေးချမ်းစေခဲ့သည်။

ဘယ်လိုပင်စိတ်ပင်ပန်းမှုများခဲ့ပါစေ အဘွားဆီလာတဲ့အခါ ထိုပင်ပန်းမှုတွေကအလိုလိုပျောက်ကင်းသည်။

အတော်အတန်ကြာလျှောက်လှမ်းပြီးနောက်မှာတော့ အဘွားရှိရာကိုရောက်ခဲ့လေပြီ။

လူ့တရပ်ကျော်သာအရှည်ရှိသေးသည့်သစ်ပင်ရှေ့မှာ အခင်းအကျင်းလုပ်မနေတော့ပဲထိူင်ချလိုက်တော့သည်။ ပြီးနောက်ယူလာသည့်ပန်းစည်းကိုသစ်ပင်နဲ့ကပ်လျက်မှာနေရာချပေးလိုက်သည်။

''အဘွားရေ ကင်မ်ငယ် လာတယ်နော် '' ဟုပြောပြီး ထိုသစ်ပင်ကိုကျောမှီကာ ပတ်ဝန်းကျင်ကိုငေးစိုက်ကြည့်မိတော့သည်။

''ကင်မ်ငယ် အဘွားကို လွမ်းလို့လာခဲ့တာ ''
သစ်ပင်ကိုလက်ဖြင့်ပုတ်ကာပြောလိုက်သည်။

အဘွားကကျွန်တော်တို့ဆိုးလ်ကိုပြောင်းသွားပြီးလပိူင်းအတွင်းမှာပဲဆုံးပါးသွားခဲ့သည်။ သူ့ဆန္ဒရှိခဲ့သည့်အတိုင်းဒီနေရာကိုအဘွားရှိရာဟုသတ်မှတ်ခဲ့ပြီး ကျွန်တော့်တို့မောင်နှမနှစ်ယောက် ၄လတကြိမ်လောက်အမြဲလာဖြစ်သည်။ တစ်ယောက်ထဲလာဖူးသည်ကတော့ ဒီတကြိမ်ပထမဆုံးသာ။

''ကင်မ်ငယ် အဘွားကိုသိပ်လွမ်းတာပဲရယ် အခုချိန်မှာအဘွားခန္ဓာကိုယ်နွေးနွေးကိုသာဖတ်ထားရရင်ဘယ်လောက်ကောင်းလိမ့်မလဲ''
မျက်ရည်များဝေ့နေပြီး ကောင်းကင်ကိုအကြည်လွှဲကာ ပြောလိုက်မိပြန်သည်။

ကျွန်တော်မွေးပြီးပြီးချင်းမှာပဲအမေကဆုံးပါးခဲ့ပြီး တစ်နှစ်ကျော်လောက်မှာပဲ ကားမတော်တဆမှုကြောင့် အဖေလဲတိမ်းပါးသွားခဲ့ရသည်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now