Chapter-28

1.1K 101 32
                                    

Unicode

မနက်စာစားနေချိန်လဲဟိုတို့ဒီတို့နဲ့ဟုတ်တိပတ်တိမစားခဲ့ပဲ အတွေးလွန်နေပုံရသည့် ထယ်ယောင်းက အခုလည်း ဧည့်ခန်းမှာတီဗီကြီးဖွင့်ကာ အတွေးထပ်လွန်နေပြန်သည့်မို့ ထယ်ယောင်းကို ထယ်ယွန်းကြည့်နေရုံနဲ့အားမရတော့

''ထယ်ယောင်း''

ဘေးကကပ်ခေါ်လိုက်သော်လည်း မကြားသလို ငူင်ိုင်နေဆဲ..။

''ကင်မ်ထယ်ယောင်း!''

''ဟင်''

ပုခုံးကိုဖြတ်ရိုက်လိုက်တော့မှအလန့်တကြားပြန်ထူးလာတာမို့ ထယ်ယွန်းလဲ ဘေးမှကပ်ထိုင်လိုက်ကာ

''ငူငူငိုင်ငိုင်နဲ့ဘာဖြစ်နေတာလဲ''

''ဘာမှမဖြစ်ပါဘူး''

အမဖြစ်သူအမေးကို ထယ်ယောင်းသက်ပြင်းချရင်းသာဖြေမိသည်။

''သက်ပြင်းတချချနဲ့ မနက်ထဲက...
ကျောင်းလဲမသွားဘူး နေမကောင်းတာလား''

ပြောပြောဆိုဆိုနဲ့ပင် နဖူးတွေ လက်ဖဝါးတွေကိုင်ကာစမ်းသပ်နေသည့် ထယ်ယွန်း...။

''အမ...''

''ငါနဲ့တူတဲ့လူတစ်ယောက်ကိုငါ့အိပ်မက်ထဲမှာအမြဲတွေ့နေရတယ်''

ထိုစကားကိုကြားသည်နှင့်ထယ်ယွန်းရဲ့လှုပ်ရှားမှာတို့ဟာ ပဂတိရပ်တန့်သွားခဲ့သည်။

မဟုတ်မှ ကင်မ်က ဂျွန်ဂျောင်ဂုနဲ့ထပ်မပတ်သတ်ဖို့ ထယ်ယောင်းကိုအသိပေးချင်နေတာများလား...။

''ဂျွန်ကသူ့အပိုင်, အရာအားလုံးကသူ့အပိုင် သူပဲရသင့်တာဆိုပြီးပြောပြီး ငါ့ကိုထွက်သွားခိုင်းနေတယ်''

ဟုတ်နေခဲ့တာပဲ။ဒီပုံတိုင်းဆို ထယ်ယောင်းကိုအန္တရာယ်ပါပေးလာတော့မှာလား...။

ထယ်ယွန်းကတော့ ထယ်ယောင်းစကားကြောင့်စိုးရိမ်စိတ်တို့ဟာ တရိပ်ရိပ်တိုးနေလေပြီ...။

''သူ့ပုံစံကနင်နဲ့တစ်ပုံစံထဲတူနေတာလား''

''အော...။ခပ်နွမ်းနွမ်းအဖြူဝတ်စုံနဲ့သံကြိုးတွေလဲချည်ထားသေးတယ်။နောက်ပြီး မျက်လုံးတွေကနီရဲနေတာ''

ထယ်ယောင်းပြောပုံအရဆို ကင်မ်အရမ်းကိုဒေါသထွက်နေပုံပဲ။ဒီအတိုင်းသာဆို မကောင်းဆိုးဝါးအဖြစ်ကိုပြောင်းသွားတော့မှာပဲ ဟူး...။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now