Chapter-13

1.2K 108 69
                                    

Unicode

နူးညံ့သောနှုတ်ခမ်းပါးခြင်းစုပ်ယူငုံထွေးကာနူးညံ့သောအနမ်းတို့ပုံဖော်လိုက်သည်မှာအချိန်ဘယ်ရွေ့ကြာသွားသည်မသိ အလင်းရောင်ပင်ပျောက်ကာနေပင်ဝင်သွားသည်။

ရှူး!!ဒိုင်း!!!

အမှောင်ရိပ်သန်းသွားသည်နှင့်ကစားကွင်းအတွင်းမီးပန်းတို့ကိုဖောက်ကြတော့မှအနမ်းတို့ကိုရပ်မိလိုက်ကြသည်။ သူတို့ရောက်နေသည်ကကစားကွင်းဧရိယာအတွင်းဆိုသည်ကိုတောင်မေ့မောနေခဲ့တာ..။

အခုမှနှစ်ယောက်သားရှက်ကိုးရှက်ကန်းတွေဖြစ်ကာ မီးပန်းဖောက်လွှတ်ရာကောင်းကင်ထက်ကြည့်သူကကြည့် ပတ်ဝန်းကျင်အကဲခတ်ပြီးလည်ဂုတ်ကိုပွတ်သူကပွတ်နှင့်အလုပ်ပင်ရှုပ်နေကြတော့သည်။

''ဒါဆို လူကြီးနဲ့ကျွန်တော်ကဘာတွေလဲဟင်''

ကောင်းကင်ကိုအကြည့်မပျက်ကာပြောလာသည့်ထယ်ယောင်း...။ဂျောင်ဂုလဲကလေးကတောင်သတ္တိရှိစွာမေးနေပြီမို့ သူလဲရှက်မနေတော့ဘဲ ထယ်ယောင်းပုခုံးနှစ်ဖက်ကို သူနှင့်မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင်ဆွဲလှည့်လိုက်သည်။

''ကိုယ်မင်းကိုချစ်တယ် ကင်မ်ငယ်''

''....''

ကြယ်တာရာတွေပြည့်နှက်နေသည့်မျက်ဝန်းဟာတောက်တောက်ပပ, နှစ်ကိုယ်သာကြားအောင်ပြောသည့်အသံကခပ်ရှရှ, မပူမနွေးခုနကအနမ်းချိုချိုတို့နှင့် ထပ်မံထွက်ပေါ်လာသည့် ဝန်ခံချစ်စကား အရာရာတိုင်းဟာစိတ်လှုပ်ရှားဖွယ်အတိ။

ကျွန်တော့်နှလုံးသားဟာသူ့​ပိုင်ရှင်ကိုတွေ့သွားသည်မို့ထင် မြူးထူးခုန်ပေါက်နေတော့သည်။

''ကျွန်တော်လဲ လူကြိီးကိုချစ်တယ်''

အဖြေစကားလက်ခံကြားနာအပြီးမှာတော့နှစ်ဦးသားလုံးရဲ့မျက်နှာထပ်ဝယ်အပြုံးတို့ဖြစ်တည်ရင်း နူးညံ့လွန်းသည့်နှုတ်ခါးပါးနှစ်ခုကိုထပ်မံကာထိကပ်လိုက်ကြသည်။

မီးပန်းတို့ကြောင့်ဝင်းဝါလှပနေသည့်ကောင်းကင်အောက်မှာ နူးညံ့လှပသည့်အနမ်းတို့ကိုပုံဖော်နေသည့်ကောင်လေးနှစ်ယောက်....။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now