Chapter-36 (final)

2.8K 135 63
                                    

Unicode

သတ္တိမရှိတဲ့ကင်မ်ထယ်ယောင်း...
ရင်မဆိုင်ရဲတဲ့ကင်မ်ထယ်ယောင်း...
​ရှောင်ပြေးသွားမယ့် ကင်မ်ထယ်ယောင်း...။

ကျောပိုးအိတ်လေးလွယ် ခြေဦးတည့်ရာလျှောက်နေမိသည်မှာ အမြန်လမ်းမကြီးတွေထိတောင်ရောက်ခဲ့ပြီ။

အမဖြစ်သူကိုလည်း အသိမပေးမိသလို ဂျောင်ဂုအိမ်မှာကျန်ခဲ့သည့် အသုံးအဆောင်နဲ့အဝတ်အစားတို့ကိုလည်းမယူမိခဲ့။

အိတ်ကပ်ထဲရှိနေတဲ့ ဝမ်ငါးသောင်းတန် ၃ရွက်ကိုထုတ်ကြည့်ကာ ပင့်သပ်ရှိုက်မိရင်း လမ်းမထက်တစ်စင်းထဲမောင်းနှင်လာသည့် ကားကိုတားလိုက်သည်။

''ဦးလေးကြီး လမ်းကြုံလိုက်ချင်လို့ ဘယ်ကိုရောက်မှာလဲ ခင်ဗျ''

''ဘူဆန်ဘက်ရောက်မယ် ကျောင်းသား''

''ဒါဆို လိုက်ခွင့်ပြုပါနော်''

''တက်''

​ရှောင်ပြေးဖို့စဥ်းစားပြီးသော်လည်း ဝေးလှံလွန်းသည့်အထိ ထွက်မသွားနိုင်တဲ့ စိတ်ကြောင့် နီးစပ်ရာလဲဖြစ်သလို လွယ်ကူစွာရှာဖွေနိုင်မယ့် အရပ်ကိုသာရွေးချယ်မိသည်။

အခုချိန်ထိကျွန်တော်ပြတ်သားစွာမတုံးဖြတ်နိုင်သေးဘူး။ ထွက်သွားချင်တယ် တစ်ဆက်တည်းမှာပဲ ပုန်းကွယ်နေမယ့် ကျွန်တော့်ကို လူကြီးလိုက်ရှာနေမှာကိုလည်း လိုချင်မိတယ်။

.
.
.

ညနေစောင်းအချိန်မှာဘူဆန်ကိုရောက်ခဲ့ပြီး ကားရပ်ပေးခဲ့သည့် အနီးဆုံးနေရာမှာ ပင်လယ်ရှိနေတာမို့ ပင်ပန်းခဲ့သမျှ အပန်းပြေလိုပြေငြား ကမ်းစပ်နားထိပြေးသွားလိုက်မိသည်။

အေးချမ်းလှပါချည်ရဲ့ဆိုတဲ့ ပင်လယ်ပြင်ရဲ့မြင်ကွင်းနဲ့ လတ်ဆတ်တဲ့လေထုကလဲ ရင်တွင်းဝေဒနါကိုကုစားမပေးနိုင်ခဲ့။

''ငါ့လုပ်ရပ်တွေမှန်ရဲ့လား''

ဝင်အံ့ဆဲဆဲနေမင်းကြိီးကိုကြည့်ကာ မျက်ရည်များဝေ့သီရင်း သဲသောင်ပြင်မှာ စိတ်လွတ်လက်လွတ်လှဲချလိုက်သည်။

စုံမှိတ်လိုက်သည့်မျက်ထောင့်စွန်းစွန်းမှာ အကြည်ရေယင်ငွေရည်တို့ဟာနေရာယူခဲ့ပြီး ရှိုက်သံလေးနဲ့အတူ ကောင်းကင်မှာလဲ ပကတိမှောင်မိုက်သွားတော့သည်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now