Chapter-26

1K 96 30
                                    

Unicode

''မိဖုရား မင်းနဲ့ဒီကိစ္စပတ်သတ်နေတယ်မလား''

အခန်းထဲဝင်လာချင်းပင် မင်းကြီးထံကထွက်လာသည့်စကားအပေါ် မိဖုရားကအေးအေးသာသာအမူအယာဖြင့်သာ နှုတ်ခမ်းကိုမဲ့လိုက်ပြီး

''အရှင်မင်းကြီး ကျွန်တော်မျိုးမကိုသံသယဝင်နေတာလား''

''ကလေးနှစ်ယောက်ကိုမင်းမမှတ်မိစရာအကြောင်းမရှိဘူး''

''ဟုတ်တယ်ဆိုရင်ရော''

''မင်း!!''

''ကိုယ့်သားသမီးတွေကိုဒီလိုရက်စက်နိုင်သလားဟမ် ''

''ကျွန်မလိုချင်တဲ့ဘဝရဖို့ သွေးသားမကလို့ဘာဖြစ်နေနေကျွန်မအကုန်စွန့်လွှတ်နိုင်တယ်''

''အားလုံးပြည့်စုံနေတဲ့မင်းကဘာကိုလိုချင်နေတာလဲ''

ဒေါသတကြီးဖြစ်ကာ မိဖုရားပုခုံးအားလှုပ်ရမ်းကာ မင်းကြီးကမေးတော့ မဲ့ပြုံးတစ်ခုဖြင့်သာ

''အာဏာ...''

ထို့သို့ပြောတော့မင်းကြီးလဲအံ့သြစွာဘာမှဆက်မပြောနိုင်ခဲ့...။အာဏာအတွက်နဲ့သားနှစ်ယောက်ကိုစတေးနိုင်တယ်ဆိုထဲက ဒီမိန်းမမှာမိခင်စိတ်ကရှိမှရှိမနေတော့တာလေ...။

''ဒီနန်းတော်ကဘယ်သူမဆိုကျွန်မကိုလေးစားပြီးအရိုအသေပေးနေမှာကိုအလိုအရှိဆုံးပဲ။ အဲ့လိုဖြစ်ဖို့ကလဲ ဘုရင့်ရဲ့မယ်တော်နေရာကသာဖြည့်ဆည်းနိုင်မှာ ။ ဒါကြောင့် ပျော့ညံ့ပြီးထွက်ပြေးသွားတဲ့ထယ်ယောင်းကိုကျွန်မရှေ့ရေးထဲအနှောက်အယှက်ဖြစ်လာမှာစိုးလို့ ရှင်းပစ်လိုက်တာပဲ ''

''အဟက်...သားတွေကလဲအမြွှာလို့မပြောရဘူး သိပ်တူကြတယ်။ ညီဖြစ်သူကထွက်ပြေးတယ်, အကိုဖြစ်သူကဒဏ်မခံနိုင်ဘဲအကုန်ဝန်ခံ,
တော်တော်လေးပျော့ညံ့လွန်းတဲ့ဟာတွေ''

''ကျွန်မရည်မှန်းချက်ကို သူတို့ဖျက်စီးလိုက်ပြီ အခုဘာမှမလုပ်နိုင်တော့ဘူး ''

မျက်နှာအမူအရာအမျိုးမျိုးဖြင့်ပြောနေရင်း မှိုင်ကျသွားပြီး ရာတနာဘူးအသေးထဲက ဓားအသေးလေးကိုထုတ်ယူကာ

''အရှင်မင်းကြီးလာတွေ့လိုက်တာလဲ တစ်ခုကောင်းတာပဲ ကျွန်မကိုနှုတ်ဆက်ခွင့်ရသွားတာပေါ့''

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now