Chapter-19

1K 92 26
                                    

Unicode

''သခင်လေး အဲ့လောက်အထိလုပ်ဖို့လိုလို့လား''

အနောက်ဘက်နန်းဆောင်အတွင်းဆံနွယ်တို့ကိုစီးနှောင်နေသည့်ကင်မ့်ကို အထိန်းတော်မင်ကထိုသို့အမေးပြုလာလျှင် မဲ့ပြုံးတို့ကအသင့်နေရာယူသည်။

မင်းသားငယ်နှင့်ရုပ်ရည်ချင်းတထေရာထဲတူသော်ငြား တင်းတင်းစေ့ထားသည်ကြောင့်မေးရိုးတို့ထင်းနေပြီး ခက်ထန်အေးစက်သည့်အကြည့်တို့ကို ကင်မ်ကပိုင်ဆိုင်သည်။ မင်းသားထယ်ယောင်းကတော့ မျက်နှာထပ်အပြုံးနုနုတို့ဟာအမြဲရှိနေပြီး နွေးထွေးသည့်အကြည့်နှင်သာလူတိုင်းအပေါ်ပြုမူတတ်သည်။ထိုအချက်နှင့်ပင် အကြီးအငယ်ခွဲလို့ရနေသည်။

ထပ်တူကျသည့်မျက်နှာတို့ရှိပေမယ့် အသွင်အပြင် ပြုမူနေထိုင်မှုဟာတော့ ကွဲပြားခြားနားလွန်းသည်။

''အထိန်းတော်မင် ထယ်ယောင်းကိုစိတ်ပူနေတာလား''

''အဲ့လိုလဲမဟုတ်ပေမယ့် သေနာပတိချုပ်နဲ့ကိစ္စကိုဝင်ပါမိတာကတော့ မသင့်တော်ဘူးထင်မိလို့ပါ''

မပါသင့်သည့်ကိစ္စဆိုသော်ငြား သူများချစ်ခြင်းခွဲမိသည့်ကံကံ၏အကျိုးတို့အား သခင်လေးမှာထပ်မကြုံရစေဖို့ အထိန်းတော်မင်တားလို့ရလိုရငြားဝင်ပါမိရခြင်း...။

''မသင့်တော်ဘူး အဟက်''

မဲ့ပြုံးတို့ကမျက်နှာထပ်အသင့်နေရာယူသည်။

''ငါဂျွန်မျိုးရိုးတွေကိုငယ်ငယ်ထဲကအထင်ကြီးတာ မင်းလဲသိတယ်မလား''

''အဲ့ဒါကြောင့်အမြဲဒီထက်မြက်တဲ့မျိုးရိုးရဲ့မျိုးဆက်ဖြစ်တဲ့ သေနာပတိချုပ်ကို စောင့်ကြည့်ခဲ့တယ်လေ''

အထိန်းတော်မင်လဲ ကင်မ့်စကားကိုသေချာအာရုံစိုက်နားထောင်ရင်း ခေါင်းငြိမ့်ထောက်ခံသည်။ သူ့ကိုယ်တိုင်ပဲဂျွန်မျိုးရိုးအကြောင်းကို သခင်လေးဖြစ်သူသိချင်တာကြောင့် စုံစမ်းပြောပြခဲ့တာမို့ ဒိီအချက်ကိုတော့သူသိသည်။

''တခြားနေရာသာထယ်ယောင်းနဲ့ငါကစိတ်မတူပဲကွာခြားချင်ကွာခြားနေမယ် သေနာပတိချုပ်အပေါ်တော့ တူညီတဲ့စိတ်ရှိတဲ့ပုံပဲ''

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now