Chapter-25

1.1K 97 57
                                    

Unicode

''ကျ...ကျွန်တော့်ကို''

''ဘယ်သူကများလဲ''

ရုတ်တရက်ကြီးရောက်လာကာ ​ရှောင်ပြေးခိုင်းရုံမက သေရမည့်အကြောင်းပါပြောလာတော့ ထယ်ယောင်းမျက်လုံးထဲအံ့သြမှုဟာအထင်းသား။

သို့ပေမယ့်လဲမိမိကိုယ်သတ်ချင်သည့်လူဟာဘယ်သူဘယ်ဝါဆိုတာရယ်တော့သိချင်မိသည်။

''ဦးရီးတော်ရယ်​ပြောပါ ကျွန်တော့်ကိုပြော ဘယ်သူကလဲ''

''သိလို့ကောင်းကျိုးဖြစ်မှာမရှိဘူး ဒါကြောင့်ဒီနေရာကမြန်မြန်ပြောင်းရွေ့ပါတော့''

မျက်မှာမကောင်းစွာပြောပြလာသည့်ဦးရီတော်က မင်းမိန့်ကိုသာဆန့်ကျင်ရင်ဆန့်ကျင်မယ် ညီမဖြစ်သူမယ်တော့်စကားကိုတော့အမိန့်တစ်ခုလိုသဘောထားပြီး အလိုရှိရာကို မဖြစ်ဖြစ်အောင်လုပ်ပေးတတ်တဲ့သူဆိုတာ ထယ်ယောင်းသိပြီးသားပင်...။

''မယ်တော်များခိုင်းလိုက်တာလား''

နှုတ်ဆိတ်နေသည့်ဦးရီးတော်ကြောင့်ပိုသေချာသွားခဲ့သည်က ကျွန်တော့်ကိုသတ်ဖို့မယ်တော်ကိုယ်တိုင်ကခိုင်းစေလိုက်သည်ဆိုတာပါပဲ...။

''ဟုတ်နေတာပဲကိုး''

''ဦးရီးတော်ကျွန်တော့်ကိုသတ်လိုက်ပါ။
မွေးဖွားပေးတဲ့အမေရဲ့ဆန္ဒတဲ့အတိုင်းမွေးဖွားလာခဲ့ပြီးရင် ဒီအမေရဲ့ဆန္ဒအတိုင်းသေဆိုလဲသေရမှာပေါ့''

''ဒါပေမယ့် သေနာပတိချုပ်ကိုအန္တရာယ်မပေးပါနဲ့ သူ့ကိုဦးရီးတော်စောင့်ရှောက်ပေးပါ''

''မင်းကိုသူနဲ့အတူထွက်ပြေးခိုင်းနေတာလေ
ဘာကြောင့်သေစကားကိုရွေးရတာလဲ''

ငယ်စဥ်ကထဲကအနေနီးသူမို့ ဦးရီးတော်ကျွန်တော့်ကိုညှာတာပြီးမသတ်တာ...။ဒါပေမယ့်လဲကျွန်တော့်အတွက်ကလုံလောက်တဲ့ပျော်ရွှင်မှုနဲ့စိတ်ချမ်းသာခြင်းတို့ကိုရပြီးနှင့်ပြီ...။

ကျွန်တော့်ကိုဦးရီးတော်ကမသတ်ရင်တောင် မယ်တော်က ဒီအရေးကိုနောက်ထပ်လူတွေကိုစေခိုင်းနေအုံးမှာပဲ။ဘယ်လိုပဲဖြစ်ဖြစ် မယ်တော့်ရဲ့လူမဆန်မှုကိုဆွေမျိုးဖြစ်တဲ့ဦးရီးတော်တစ်ယောက်သာသိပြီး ပြီးသွားဖို့သာမျှော်လင့်သည်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now