Chapter -2

2.1K 159 40
                                    

Unicode

ကျောင်းဆောင်များကိုဖြတ်လျှောက်ပြီးနောက်မိမိတက်ရောက်ရမည့်အခန်းဆီသို့ရောက်သောအခါ အခန်းထဲက လော့ကာထဲမှလိုအပ်သည့် စာအုပ်တို့ကိုယူလိုက်ပြီး မိမိထိုင်ရာ ပြတင်းပေါက်နားကခုံမှာဝင်ထိုင်လိုက်သည်။
အရင်နေ့ကသင်ခဲ့သည့်စာများကိုပြန်လည်ကြည့်ရင်း ဆရာဝင်မည့်အချိန်ကိုစောင့်နေလိုက်သည်။

ဒေါက်!

ဦးခေါင်းမှနာကျင်မှုကြောင့်လှည့်ကြည့်မိတော့
လွှင့်စင်သွားသည့်အအေးဘူးအခွံနဲ့အတူ အမြဲစိတ်အနှောက်အယှက်ပေးတတ်သည့် ဂန်ဂျီဝမ် တို့အုပ်စုက ကျွန်တော့်အဖြစ်ကိုကြည့်ကာ လှောင်ပြုံးတို့ကမျက်နှာထပ်ချိတ်ဆွဲလျက်။

စကားလဲမများချင်ရန်လဲမဖြစ်ချင်တော့သောကြောင့် သူ့လုပ်ရပ်ကို လစ်လျူရှုလိုက်ပြီး စာကိူပဲပြန်ဆက်ကြည့်လိုက်သည်။

''ကျစ်''

''ဟေ့ကောင် ကင်မ်ထယ်ယောင်း''

ထိုကောင်ကမကျေမနပ်ပင် ကျွန်တော့အနားလာပြီး ကျွန်တော့် အင်္ကျီလည်တိုင်ကိုဆွဲကာ သူနဲ့မျက်နှာချင်းဆိုင်အ​နေအထားဖြစ်အောင် လုပ်သည်။

''မင်း ဘာဖြစ်ချင်နေတာလဲ ဂန်ဂျီဝမ်''

ကျွန်တော်စိတ်မရှည်သလိုမေးတော့ ဒီကောင်ကအထင်သေးတဲ့မျက်လုံးတွေနဲ့ထပ်ကြည့်သည်။ မ​ကြည့်နဲ့ မင်းဆီက အဲ့အကြည့်တွေကိုမုန်းတယ်။

''ရန်ဖြစ်ချင်လို့လေ ငါ့ကိုဘာလို့ရှောင်နေတာလဲ အရင်လိုပဲဆွဲထိုးပစ်လိုက်လေ ''

''မင်းနဲ့ကစားပေးဖို့ငါ့မှာအချိန်မရှိဘူး''

''တောက်စ်!! ကင်မ်ထယ်ယောင်း မင်းကအမြဲစိတ်ရှုပ်စရာကောင်းအောင်ပဲလုပ်နေတော့မှာလား ''

လည်တိုင်ကကိုင်ဆွဲထားသည်ကိုလွှတ်ချပြီးစာရေးခုံတစ်လုံးကိုကန်ကာဒေါကြီးမောကြီးထွက်သွားတော့သည်။

ဂန်ဂျီဝမ်ထွက်သွားသည်နှင့် ထယ်ယောင်းလည်းအင်္ကျီကိုပြန်ပြင်ပြီး ကြည့်လက်စ စာကိုသာအာရုံပြန်စိုက်လိုက်သည်။

အတန်းထဲကလူတွေရဲ့တီးတိုးသံနဲ့စပ်စုသည့်အကြည့်တို့ကိုလဲမမြင်ချင်ယောင်သာဆောင်လိုက်သည်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now