Chapter-23

1K 89 28
                                    

Unicode

''ထယ်ယောင်း ဘယ်မှာလဲပြောလေ!!''

ပါးနှစ်ဖက်ကိုအတင်းချုပ်ကိုင်ကာပြောလာသည့်မိဖုရားကင်မ်...။

အိမ်ရှေ့အရာအပ်နှင်းပွဲမှာထဲက ကင်မ်ဖြစ်နေမှန်းသူသိခဲ့သည်။ ဘယ်လိုပဲသွေးသားအပေါ် စိမ်းစိမ်းကားကားနေခဲ့ပါစေ ကိုယ်ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့ကလေးတွေ ကိုယ်မခွဲတတ်ဘူးဆိုရင်တော့ လိမ်ရကျပေတော့မည်လေ...။

ရက်သတ္တပတ်၃ပတ်တာအတွင်း ကင်မ့်ဘက်ကသူက ကင်မ်ဖြစ်ကြောင်းလာပြောပြီး ထယ်ယောင်းဘယ်ရောက်နေသည်ကိုလာပြောပြမည်ထင်ခဲ့လို့ စောင့်နေပေးခဲ့တာပင်...။

သို့သော်လည်း မသိချင်ယောင်ဆောင်ကာထယ်ယောင်းအဖြစ်နေနေသေးသည့်ကင်မ်ကြောင့်ရော, ထယ်ယောင်းပျောက်နေသလို စစ်သေနာပတိချုပ်လဲပျောက်နေတာကြောင့်ရော အခုလိုလာမေးဖို့သာဖြစ်ခဲ့ရတော့သည်။

''ကင်မ်!! ငါ့ကိုဒေါသထွက်အောင်လုပ်နေတာလား''

''မဟုတ်ပါဘူး မယ်တော် ကျွန်တော်...''

မျက်ရည်အဝဲသားနှင့်ဘားမှမပြောပဲနှုတ်ဆိတ်နေသည့်ကင်မ့်အား မိဖုရားက လက်မောင်းနှစ်ဖက်ကိုတင်းကြပ်စွာဆုပ်ကိုင်ရင်းမေးတော့သည်။

''အခုပြော ထယ်ယောင်းဘယ်မှာလဲ''

''သေနာပတိချုပ်နဲ့အတူထွက်သွားပါပြီ''

''သိတယ် ဘယ်ကိုသွားတာလဲလို့''

''ဗျာ!''

မယ်တော်အကုန်သိနေတယ်...။ဘယ်အချိန်ထဲကပါလိမ့်။

''ငါအကုန်သိတယ် ကင်မ်
ကိုယ့်ဘာသာအနောက်ဆောင်မှာအေးဆေးမနေဘဲ ဘယ်လိုအတင့်ရဲပြီး ညီနေရာကိုအစားယူရတာလဲ''

''နင့်ကိုနင် ထယ်ယောင်းနေရာဝင်ပြီးထယ်ယောင်းဖြစ်သွားပြီလို့တစ်ထစ်ချတွေးထားလား''

''တောင်းပန်ပါတယ် မယ်တော် ကျွန်တော်...''

လေသံမာမာဖြင့်ပြောလာသည့်အမေဖြစ်သူ၏သူစိမ်းဆန်သည့်စကားတို့ကြောင့် ကင်မ့်မှာမျက်ရည်များအဆက်မပြတ်ကျလာကာ ဒူးထောက်လိုက်ပြီး တောင်းပန်စကားဆိုရတော့သည်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now