Chapter-33

1.1K 84 32
                                    

Unicode

ကင်မ်ပြောခဲ့သည့်အကြောင်းကို လေးယောက်သား ဘယ်လိုဖြေရှင်းနိုင်မည်ကိုတွေးရင်း ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်သက်လျက်ရှိနေတော့သည်။

ဂျီဝမ်နဲ့ထယ်ယွန်းကတော့ဘယ်လိုပဲစဥ်းစားစဥ်းစားမရခဲ့ သူတို့ကိုယ်တိုင်ကလဲ ဒီဖြစ်ရပ်တွေရဲ့အပြင်ဘက်ကလူတွေမို့ ဂျောင်ဂုဆီသာအကြည့်တို့ကရောက်သည်။

''ကျွန်တော့်အထင်...ခင်ဗျားတို့နှစ်ယောက်ဘယ်လိုအကြောင်းအရာကနေစပြီး တွဲဖြစ်ခဲ့ကြတာလဲဆိုတာက စစဥ်းစားရင် ရမယ်ထင်တယ်''

ဂျီဝမ်ကဂျောင်ဂုကိုပြောလိုက်တော့..ထောက်ခံသလိုခေါင်းငြိမ့်ပြရင်း

''ပန်း....''

''ပန်း???...''

ဂျောင်ဂုကတစ်ခုခုသိလိုက်ရသလို မျက်လုံးများအရောင်တောက်လာကာ ပြောလိုက်တော့ ကျန်တဲ့သုံးယောက်ကပါ ဂျောင်ဂုစကားကိုသံယောင်လိုက်ကြသည်။

''ဟုတ်တယ်...ပန်းကစခဲ့တာ''

မင်းသားငယ်ကိုယ်တိုင် ပန်းလေးတစ်ခတ်ကိုခူးရင်း အချစ်ကိုဖွင့်ဟပြခဲ့တာ ။

''အာ...Astilbe! ''

ထယ်ယွန်းက ဂျောင်ဂုပြောပြခဲ့သည့်အတိတ်ဇာတ်လမ်းကိုအလွတ်ရနေသူပီပီ ထပြောသည်။

''အော...''

''ကလေးငယ် ကိုယ်တို့ပန်းဆိုင်သွားရအောင်''

ထယ်ယွန်းကိုလည်းပြန်ဖြေပြီး ထယ်ယောင်းလက်ကိုဆွဲကာ ချက်ချင်းပင်ထွက်သွားကြတော့သည်။

.
.
.

ပန်းအစစ်တို့သာရောင်းသည့်ဆိုင်အတွင်း ထယ်ယောင်းလက်ကိုဆွဲကာဝင်ခဲ့သည်။

ဝင်ဝင်ချင်းပန်းရနံ့ပေါင်းများစွာနှင့် လှပတဲ့အမျိုးအစားပေါင်းများစွာကအရောင်အသွေးစုံလင်လှစွာကြိုဆိုထားသည်မို့ စိတ်ကြည်လင်လန်းဆန်းသွားရတာတော့အမှန်ပါပင်...။

''Astilbe ပန်းရောင်ရှိလား..''

''ပန်းရောင်တွေကမဝင်တာအရမ်းကြာနေပြီရှင့် အဖြူတွေတော့ရှိတယ်''

ပန်းရောင်မရသည်နှင့် ပြန်ထွက်ရန် အပေါက်ဝကိုလှမ်းနေပြီဖြစ်တဲ့ဂျောင်ဂုကို ထယ်ယောင်းကလက်ကိုလှမ်းဆွဲရင်း

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now