Chapter-22

1K 91 30
                                    

Unicode

ဂျိုဆွန်းပြည်ဘုရင်ဝမ်ယောင်းရဲ့သားတော် ကင်မ်ထယ်ယောင်း၏ အိမ်ရှေ့စံအပ်နှင်းပွဲကြောင့် နန်းတော်တွင်းမှာနန်းတွင်းသူအပေါင်းရော, စစ်သည်ရဲမက်အပေါင်းရော ဟိုတစ်စုဒီစုဖြင့်စည်းဝေးစွာတွေ့ရသည်။

''ဘုရင်မင်းမြတ်ကြွမြန်းလာပါပြီ''

သတိပေးသံနှင့်အတူ ဘုရင်ဟာလဲနဂါးဝတ်ရုံထပ်တော်ဝင်အခမ်းအနားများတွင်ဝတ်ဆင်လေ့ရှိသည့် အဆင်တန်ဆာတို့ကိုဝတ်စားကာ ပလ္လင်ထပ်သို့ လျှောက်လှမ်းသည်။

ဘုရင့်အနောက်ပါးဆီမှာတော့ မိဖုရားခေါင်ကြီး နှင့်အတူ မိဖုရားကင်မ်ပါလျှောက်လှမ်းလာပြီးနေရာအသိီးသီးယူလိုက်ကြသည်။

အိမ်ရှေ့အရာအပ်နှင်းပွဲမတိုင်ခင် ဓားရေးလှံရေးများဖြင့်ဖျော်ဖြေကြသည်။

''အမတ်မင်း ငါကိုယ်တော်ရဲ့ ကိုယ်ရံတော်သေနာပတိချုပ်ကိုလဲမတွေ့ပါလား''

ဘုရင်အနားအမြဲခစားလေ့ရှိသည့်အမတ်မင်းတစ်ဦးအားမင်းကြီးကစစ်သည်များရှေ့တွင်တွေ့ရလေ့ရှိသည့်ဂျောင်ဂုကိုမတွေ့တာမို့ မေးကြည့်မိသည်။

''ကျွန်တော်မျိုးလဲမသိရကြောင်းပါမင်းကြီး''

''အရေးကြီးပွဲနေ့မှာ ဒီလူငယ်ဘယ်တွေရောက်နေပါလိမ့်''

လူထုကြားဝေ့ဝဲကြည့်ရင်းဘုရင်မင်းမြတ်မှာတစ်ယောက်ထဲရေရွတ်လိုက်တော့သည်။

''အထိန်းတော်မင် ငါ့ကိုလူတွေသိကုန်ကြရင်ဘယ်လိုလုပ်မလဲ''

မင်းသားထယ်ယောင်းနန်းဆောင်းအတွင်းမှာတော့ ကင်မ်တစ်ယောက်ဖင်တကြွကြွဖြစ်နေမိသည်။

''သခင်လေးတည်တည်ငြိမ်ငြိမ်နေပြီး အပြုံးတို့ကိုသာမျက်နှာထပ်ဆင်မြန်းထားပါ။ ဒါဆိုသခင်လေးကိုဘယ်သူကမှသံသဝင်တော့မှာမဟုတ်ပါဘူး''

''နောက်ပြီး...''

အထိန်းတော်မင်ကသူ့ရဲ့ညာဘက်လက်ကိုအကြည့်ရောက်လာတာမို့ ကင်မ်သက်ပြင်းချလိုက်မိသည်။

''ငါသေချာဖုံးထားပါ့မယ်''

''ဒါဆိုပြီးပြည့်စုံပါပြီ သခင်လေး''

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Donde viven las historias. Descúbrelo ahora