Chapter-6

1.5K 126 49
                                    

Unicode

ထယ်ယွန်း လီဆောင်းဂျယ်တို့အိမ်ကိုရောက်လာတော့ တစ်ခြံလုံးကမှောင်မဲနေလေသည်။

''ပွဲကပြီးပြီလား''

ခြံထဲကိုကြည့်ကာရေရွတ်နေရင်း ထယ်ယောင်းကိုစိုးရိမ်သည့်စိတ်တို့ဟာလဲတစတစတိုးလာတော့သည်။

​''ဟမ် သော့ခတ်မထားတာလား''

ခြံတံခါးကိုဖွင့်မိတော့ပွင့်ဟသွားသည်ကြောင့်ထယ်ယွန်းခြံထဲသာဝင်လာမိသည်။ အခုချိန်မှာသူများနေအိမ်သောဘာသောသူနားမလည်နိုင်တော့ ထယ်ယောင်းကိုရှာရမည့်ဇောတစ်ခုသာရှိနေသည်။

လုံးချင်းတိုက်လေးကဟယ်မီပြောပြဖူးတာကြောင့် စတိုခန်းသဘောမျိုးဖြစ်နေပြီးလူမနေသည်ကိုသူသိထားတာမို့ ၂ထပ်အိမ်ကြီးရှိရာသို့သာသူဦးတည်သွားလိုက်သည်။

အိမ်ကြီးရဲ့တံခါးမကြီးဟာလဲစေ့ရုံသာစေ့ထားပြီးသော့ခတ်ထားခြင်းမရှိ အိမ်ကြီးအိမ်ကောင်းကြီးနဲ့ဒီလိုလက်လွတ်စပယ်နေကြတာလားဟုထယ်ယွန်းတွေးမိလိုက်သည်။

အိမ်ထဲရောက်သည်နှင့်အပေါ်ထပ်မှာအသံသဲ့သဲ့ကိုသူကြားရသည် ။ဒီအိမ်မှာဘာတွေဖြစ်နေကြတာလဲ

''အမရေ ကယ်ပါအုံး!!''

''ထယ်ယောင်း!!''

အပေါ်ထပ်လှေကားနားရောက်တော့ပိုမိုထင်ရှားစွာကြာလိုက်ရသည့်အသံ ဒါသူ့မောင်လေးထယ်ယောင်းအသံ။

ထယ်ယွန်းလျင်မြင်စွာပဲအပေါ်တက်လာခဲ့တော့သည်။အခန်းက၅ခန်းရှိနေပြီး အသံကလဲသူအပေါ်ရောက်သည်နှင့်တိတ်သွားတာမို့ ဘယ်အခန်းကထွက်လာသည့်အသံမှန်းတော့သူမသိချေ။အခန်းအားလုံးကိုဖွင့်ကြည့်ရန်သာတွေးလိုက်တော့သည်။

ပထမဆုံးမြင်ရသည့်အခန်းကိုဖွင့်ကြည့်တော့ ပစ္စည်းတစ်ခုမှမရှိသလို လူသူတစ်ယောက်မှရှိမနေသည့်ဟောခန်းတစ်ခုဖြစ်နေသည်။ကျန်တဲ့အခန်းတွေ၏တံခါးနားကပ်ကာအထဲကိုအာရုံစိုက်နားထောင်ရင်းတစ်ခန်းပြီးတစ်ခန်းဖွင့်ကြည့်တော့သည်။

စတုတ္ထအခန်းရှေ့မှာတော့ သေချာအာရုံစိုက်နားထောင်စရာပင်မလိုလိုက် အခန်းထဲမှာပရိဘောဂတစ်ခုကိုတွန်းတိုက်နေသလိုတစ်ကျီကျီအသံကိုကြားလိုက်ရသည်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now