Chapter-29

1.1K 101 35
                                    

Unicode

ထယ်ယောင်းကျောင်းကိုရောက်တော့ အရင်ဆုံးစာကြည်တိုက်ဘက်ဆီအရင်သွားသည်။

ဘာလို့ကျောင်းမတက်သလဲ အမေးရှိမယ့် သူငယ်ချင်းဆိူတာလဲထယ်ယောင်းမှာမရှိ ထို့ကြောင့် ကျောင်းလာတိုင်းသူ့အားလပ်ချိန်ကို စာကြည့်တိုက်မှာသာအချိန်ဖြုန်းလေ့ရှိသည်။

အချိန်ခဏကြာစာဖတ်ပြီးနောက်မှာတော့ အတန်းတက်ချိန်ရောက်ပြီမို့ ဖတ်လက်စစာအုပ်ကိုပိတ်ကာ နေရာတကျပြန်ထားလိုက်သည်။

စာကြည့်တိုက်တံခါးပြန်အပိတ်မှာ အနီရောက်လက်ပတ်ကြိုးလေး ညှပ်ကာကျန်ခဲ့သည်ကိုတော့ ထယ်ယောင်းသတိမပြုမိလိုက်ပေ။

.
.
.

အတန်းရှိရာဘက်လျှောက်လမ်းမှာတော့

{''ခေါင်းမိုးထပ်ကိုတက်ခဲ့''}

နား, နားကပ်ကာပြောလာသည့်လေသံတိုးတိုးကြောင့် ထယ်ယောင်းဘေးဘီဝဲရာသိုပြန်ကြည့်မိသော်လည်း ဘယ်သူမှရှိမနေ။

''ဘာလဲဟ''

ဆက်မကြားရတော့တာမို့ အတန်းထဲဝင်ရန်အလုပ်မှာတော့ အနက်ရောင်အခိုးအငွေ့များကသူ့ကိုလွှမ်းချုံသွားခဲ့သည်။

ကျောင်းခေါင်မိုးထပ်သို့ လေးပင်သောခြေလှမ်းများဖြင့်လျှောက်လှမ်းလာသည့် ထယ်ယောင်း။

ငါးထပ်ဆောင်ကျောင်းခေါင်မိုးရဲ့အစွန်အထိတက်လိုက်ပြီး မျက်လုံးကိုစုံမှိတ်ကာ လက်နှစ်ဖက်ကိုဆန့်တန်းလိုက်သည်။

{''မင်းမရှိရင်အရာရာအဆင်ပြေပြီ မြန်မြန်ခုန်ချလိုက်တော့ ထယ်ယောင်းလေး''}

ထယ်ယောင်းဘေးပတ်ပတ်လည်မှာဝေ့ဝဲနေသည့်ကင်မ်က သဘောတကျပြုံးရင်း ထိုစကားကိုသာတစ်ဖွဖွပြောနေတော့သည်။

ထယ်ယောင်းကလဲ အသက်မဲ့နေသူတစ်ယောက်လို ကင်မ်ပြောသည့်အတိုင်း ခြေနှစ်ဖက်ကိုရှေ့သို့ထပ်တိုးလိုက်သည်။

''ထယ်ယောင်း!!''

ခုန်ချလုဆဲဆဲ အနေအထားနှင့် ထယ်ယောင်းကို ဂျီဝန်ကပြေးကာ အနောက်မှာသိုင်းဖက်ပြီး ကြမ်းပြင်သို့လဲချလိုက်သည်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now