Chapter-27

1.1K 96 58
                                    

Unicode

ဓားတစ်လက်ကိုကိုင်စွဲရင်းမိမိကိုလာတားသမျှရဲမက်တိုင်းကိုရှင်းလင်းပစ်သည့် ဂျောင်ဂု...။

အခုသူနန်းတော်ထဲရောက်နေပြီဖြစ်သည်။ရောက်ရောက်ချင်းသိရသည်က ကင်မ်ကထယ်ယောင်းကိုလုပ်ကြံခဲ့ကြောင်းဝန်ခံလိုက်သည်မို့ အကျဥ်းချခံထားရသည်တဲ့လေ...။

မင်းကငါ့လက်နဲ့ပဲသေရမယ် ဘယ်သူ့လက်ချက်နဲ့မှ မင်းကိုသေခွင့်မပေးဘူး။

''ဂျွန်....ဂျွန်ဂျောင်ဂု''

အကျဥ်းချခန်းထဲသို့ ဝုန်းဒိုင်းကျဲဝင်ချလာသည့် ဂျွန်ဂျောင်ဂုကြောင့် ကင်မ်ဘအံ့သြကာပင်ထရပ်မိသည်အထိ။

''ဒါကဘာလုပ်တာလဲ''

''လာ''

သံကြိုးအထပ်ထပ်အဆွဲခံထားရသည့် ကင်မ့်ကို ဂျောင်ဂုကလက်ကလက်ထိပ်သဖွယ်သစ်သားကွင်းက်ိုအတင်းအကြပ်ဆွဲရင်းသာခေါ်သွားသည်။ကင်မ်လည်းရုန်းရင်ကန်ရင်းနှင့်သာဂျောင်ဂုနောက်ကိုပါခဲ့တော့သည်။

''ဘယ်လဲ ကျွန်တော်ကထယ်ယောင်းမဟုတ်ဘူးနော်''

ထိုစကားကြားရသည်နှင့် ဂျောင်ဂု၏လှုပ်ရှားမှုတို့ဟာ ရုတ်ချည်းဆိုသလိုရပ်တန့်သွားခဲ့ပြီး ကင်မ့်ဘက်ကိုမျက်နှာမူကာ

''ထယ်ယောင်းလို့ ထင်မှတ်စရာ မင်းမှာဘာရှိလို့လဲ''

''ခေါင်းအစခြေအဆုံးငါ့အတွက် ထယ်ယောင်းနဲ့မင်းက အကုန်ကွဲပြားတယ်''

မိမိအားရွံစရာသတ္တဝါလိုကြည့်ကာ မနှစ်မြို့သလိုပြောလာသည့် ဂျောင်ဂု​ကြောင့် ကင်မ့်ရင်ထဲဆစ်ကနဲ...။

ဘယ်လိုပဲညီဖြစ်သူရဲ့ ခင်ပွန်းဖြစ်နေခဲ့ပါစေ ဂျောင်ဂုဆိုတာသူကိုယ်တိုင်ကလဲချစ်မြတ်နိုးခဲ့ရသူဖြစ်ခဲ့တာမို့ ချစ်ရသူထံမှထိုရင့်သီးသောစကားများဟာ ကင်မ့်အတွက်တော့ နားထဲသံရည်ပူများလောင်းချခံရသည့်နှယ် ပူလောင်လွန်းလှသည်။

ညီတော်... မင်းအသက်သေသွားချိန်တောင် ဂရုတစိုက်ရှိပေးမယ့် ချစ်သူကိုပိုင်ဆိုင်ထားတာပဲ။ မင်းကတော့ အရမ်းကံကောင်းလိုက်တာ...။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now