Chapter-5

1.4K 120 38
                                    

Unicode

မွေးနေ့ပွဲကိုရောက်တော့လူအတော်အများရောက်နှင့်နေကြလေပြီဖြစ်သည်။လီဆောင်းဂျယ်ကဒီမြို့မှာပဲနေခဲ့သူမို့ထင် ငယ်သူငယ်ချင်းအချို့ပါဖိတ်ထားပုံပေါ်ပါသည်။

''ထယ်လေး!!''

ခြံဝခြေချရုံသာရှိသေးကြားလိုက်ရသည့်အသံကြောင့်ဂျီဝမ်ကတော့မျက်နှာကိုမဲ့လိုက်မိသည်။ထယ်ယောင်းကတော့ လှမ်းခေါ်သည့်လီဆောင်းဂျယ်ကိုပြုံးပြရင်း အနားကိုသွားလိုက်သည်။

''မွေးနေ့မှာပျော်ရွှင်ပါစေ အကိုဆောင်းဂျယ် ဒါကျွန်တော့်လက်ဆောင်ပါ''

ထယ်ယောင်းပေးလာသည့်လေးထောင့်ဘူးကိုယူရင်းလီဆောင်းဂျယ်ကအသားယူကာထယ်ယောင်းလက်ဖမိုးတို့ကိုကိုင်ဖြစ်အောင်ကိုင်လိုက်ပါသေးသည်။

''လူလာရင်ပဲရပါပြီထယ်လေးရဲ့ လာလေ ဟိုနားမှာထယ်လေးတို့အတွက် သီးသန့်စားပွဲစီစဥ်ထားတယ်''

ပြောရင်းဆိုရင်းနဲ့ပင်ထယ်ယောင်းလက်ကိုဆွဲခေါ်သွားသည်မို့ ဂျီဝမ့်မှာအနောက်ကမပြေးရုံတမယ်လိုက်ခဲ့ရတော့သည်။

''ဒီမှာထိုင်အုံးနော် ထယ်လေး ကိုယ်ဟိုဘက်သွားဧည့်ခံလိုက်အုံးမယ်''

ထယ်ယောင်းတို့စားပွဲမှာတော့ ဆောင်းဟယ်မီတစ်ယောက်သာရှိနေပြီး တခြားဝိုင်းတွေလိုမဟုတ်ပဲ အချိုရည်တို့သာထားပေးထားသည်။ ဒါကလဲအသက်မပြည့်သေးသည့်ထယ်ယောင်းတို့အတွက်ကြိုစီစဥ်ပေးထားပုံပါပဲ။

''ဟယ်မီ ရော့ နင့်အကို့ကိုပေးလိုက်''

ဂျီဝမ်ကသူ့လက်ဆောင်အားဟယ်မီကိုသာပေးခိုင်းလိုက်တော့သည်။

''အင်း ပေးလိုက်မယ် အအေးသောက်ကြအုံး ဟိုဘက်မှာဘူဖေးလဲရှိတယ် နင်တို့စားချင်ရင်ငါသွားယူပေးမယ်''

''အာ ရတယ်ဟယ်မီ ခဏနေပြန်မှာ ငါတို့အအေးပဲသောက်လိုက်မယ် အိမ်မှာလဲအမကတစ်ယောက်ထဲရယ်''

''အဲ့လိုလား အ့ဆိုလဲပြီးရောလေ သောက်ကြအုံး ငါဟိုဘက်ခဏသွားအုံးမယ် ခဏတော့နေကြအုံး''

ထိုမျှသာ​ပြောပြီးဟယ်မိီကဆောင်းဂျယ်ရှိရာစားပွဲဘက်သို့ထွက်သွားသည်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now