Chapter-34

1.1K 82 22
                                    

Unicode

ပန်းတစ်စည်းနှင့်အတူပြန်လာကြတဲ့ ဂျောင်ဂုနှင့်ထယ်ယောင်း ။

အိမ်ထဲအဝင်မှာတွေ့ရသည့်မြင်ကွင်းကတော့ မုန့်အခွံများတစ်စစီပြန်ကျဲပြီး တဟားဟားရယ်သံတို့ထွက်နေသည့် ထယ်ယွန်းနဲ့ဂျီဝမ်ကိုတွေ့ရတော့ ထယ်ယောင်းစိတ်ပျက်သလိုမျက်နှာဖြင့်

''မျောက်မနိုင်နှစ်ကောင်!! အိမ်မှာမရှိတာ ၂နာရီအတွင်း ဘယ်လိုတွေစားသောက်ထားပြီး ကြွက်သိုက်ဖြစ်အောင် လုပ်ထားကြတာလဲ!!''

အသန့်ကြိုက်လွန်းသည့်ထယ်ယောင်းက သူ့အခန်းကိုလည်းသပ်သပ်ရပ်ရပ်ထားသလို တစ်အိမ်လုံးသန့်ရှင်းနေတာမျိုးမှ ကြိုက်တတ်သည်ဆိုတာ ငယ်စဥ်ကထဲကနေလာခဲ့သည့် ထယ်ယွန်းရော ဂျီဝမ်ရော အသိပဲမို့ ဒေါထွက်ဖို့အရိပ်အယောင်ပြနေပြီဖြစ်တဲ့ထယ်ယောင်းကို နှစ်ယောက်သား သွားလေးဖြီးပြရင်း ပွစာကြဲသမျှအကုန်လိုက်ကောက်နေတော့သည်။

ပန်းစည်းကိုင်ထားသည့်ဂျောင်ဂုကတော့ အမှိုက်ကောက်နေသည့်နှစ်ယောက်ကို ပြုံးစိစိဖြင့်သာကြည့်နေတော့သည်။

ထယ်ယောင်းကတော့ အမှိုက်အိတ်ဆွဲကာ မုန့်ခွံတွေလိုက်ကောက်ရင်း မျောက်မနိုင်နှစ်ကောင်ကို မျက်စောင်းတတွင်တွင်ထိုးနေလိုက်သည်။

''ကလေး...''

''ဘာလဲ''

တိတ်ဆိတ်နေသည့်ရပ်ဝန်းကို ပပျောက်လို့ပပျောက်ငြား ထယ်ယောင်းကိုဂျောင်ဂုခေါ်လိုက်သော်လည်း ဆောင့်ကြီးအောင်ကြီးဖြင့်တုန့်ပြန်မှုကိုသာပြန်ရသည်မို့ ဂျောင်ဂုမျက်နှာမှောင်မဲသွားရသည်။

ဟိုနှစ်ကောင်လုပ်တာကို ဟိုနှစ်ကောင်ကိုပဲဒေါသထွက်သင့်တာကို ကိုယ်ပါ ဆွဲထည့်ခံလိုက်ရတာမို့ ဂျောင်ဂုပါ ထယ်ယွန်းနဲ့ဂျီဝမ်ကိုမကျေမခြမ်းအကြည့်ဖြင့်ကြည့်ကာ ​မုန့်ခွံတစ်ခုကို ဆောင့်အောင်ကာထည့်ပစ်လိုက်တော့သည်။

ထယ်ယွန်းနဲ့ဂျီဝမ်ကတော့ ကိုယ်လေးကိုကျုံ့သထက်ကျုံ့ထားကြရင်း ရှင်းစရာရှိတာကို ဆက်သာရှင်းလိုက်ကြတော့သည်။

{''ကလေးတို့''}

ပဲ့တင်ထပ်သံတစ်ခုနှင့်အတူ အငွေ့ဖြူလေးဟာ သူတို့လေးယောက်ရဲ့အလည်တည့်တည့်ဆီမှာပေါ်လာတော့သည်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now