Chapter-20

1.1K 90 24
                                    

Unicode

''ချစ်သူဘဝကိုရပ်လိုက်ချင်ပြီလို့ပြောချင်တာ''

ဂျောင်ဂုနားထဲ ဒီစကားက်ိုသာပဲ့တင်ထပ်စွာကြားနေရသည်။ကိုယ်တိုင်အရင်စဖွင့်ပြောခဲ့တဲ့ မင်းသားငယ်က အခုဒါဘာလုပ်လိုက်တာလဲ...။

''ဘယ်လို!''

''ကင်မ် ကျွန်တော့်ကိုအရူးလုပ်နေတာလား ဒါမှမဟုတ်စနောက်နေတာလား''

စနောက်နေပါတယ်ဆိုတဲ့မျှော်လင့်ချက်ရေးရေးထားကာမေးမိသော်လည်း

''ကျွန်တော်ကစနောက်နေတဲ့ပုံပေါ်နေသလား''

မလှုပ်မရှုပ်တည်ငြိမ်နေသည့်မျက်နှာထားဖြစ်နေသည့်ထယ်ယောင်းကြောင့် ဂျောင်ဂုမျှော်လင့်ချက်တို့ဟာလည်းပျောက်ချင်းမလှပျောက်သွားရတော့သည်။

''ဟင့်အင်း!စနောက်နေတာလို့ပဲပြောပေးပါလား ကင်မ်ရယ်''

ထယ်ယောင်းအဖြေကိုခေါင်းတသွင်သွင်ယမ်းခါရင်း လက်ဖဝါးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာဂျောင်ဂုအသနားခံမိသည်။

သိူ့သော်လဲ ဆုပ်ကိုင်လာသည့်လက်တွေကိုဖြုတ်ချလိုက်သည့်ထယ်ယောင်းကြောင့် ဂျောင်ဂုမျက်ဝန်း၌မျက်ရည်စတို့ဟာရစ်သိုင်းနေလေခဲ့ပြီ။

''ကျွန်တော်...ကျွန်တော်ဘာများလုပ်မိလို့ဟင်''

''ကျွန်တော်ကဒီလိုတောင်းပန်ပါ့မယ်နော် ထပ်မတွေ့ဖို့,မပတ်သတ်ရဖို့အကြောင်းကိုတော့မပြောလိုက်ပါနဲ့လား''

တစ်ခွန်းမှပြန်မဖြေပဲကျောခိုင်းသွားသည့်ထယ်ယောင်းအရှေ့သို့သွားကာဒူးထောက်ကာတောင်းပန်နေသော်လည်း ထယ်ယောင်းရဲ့အေးစက်စက်မျက်နှာထားဟာပြောင်းမသွားခဲ့...။

''ကင်မ်!!!''

ဂျောင်ဂုမျက်ရည်များကျဆင်းကာလေသံမာမာအော်ခေါ်မိသည်။

''ကျွန်တော့်ဆုံးဖြတ်ချက်ကိုနားလည်ပေးပါ သေနာပတ်ိချုပ်''

တုန်ရီနေသည့်ထယ်ယောင်းအသံဟာခံစားချက်တို့အားချုပ်ထိန်းထားမှန်းသိသာလောက်ပါသည်။ဝဲတက်လာသည့်မျက်ရည်စတို့ကြောင့်ဂျောင်ဂုမမြင်အောင်တစ်ဖက်ကိုအမြန်လှည့်လိုက်ရသည်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Tahanan ng mga kuwento. Tumuklas ngayon