ကျေးဇူးတင်လွှာ

573 45 26
                                    

Unicode

​နှေးကွေးလွန်းပြီး အကြောင်းပြချက်များစွာနဲ့ပျောက်သွားတတ်လွန်းတဲ့စာရေးသူတစ်ယောက်ရဲ့ficကို အချိန်အကြာကြီးလိုက်ပါစီးမျောရင်း ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို တကယ့်ကိုစိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်ရှင့်...။

တကယ်ဆို The Obsession ကိုစပုံဖော်ခဲ့စဥ်ကဒီလိုဇာတ်မျိုးမဟုတ်ခဲ့ပါဘူး။ကြားထဲအတွေးတွေများပြီး တစ်ခုပြီးတစ်ခုပြောင်းရင်းနဲ့ပဲအခုထိရေးပြီးတဲ့ဇာတ်လမ်းကအတည်ဖြစ်သွားခဲ့တာပေါ့ရယ်

လိုအပ်ချက်တွေအများကြီးရှိပါတယ် ဒါကိုကိုယ့်ကိုကိုယ်လည်းသိတယ် ။ဒါကတော့ ဒုတိယမြောက် ဖန်တီးဖြစ်တဲ့လက်ရာလေးပေါ့ ။
Do You love Me?(peco ပထမဆုံးရေးခဲ့တဲ့ficလေးပါ) ထပ်တော့ အားစိုက်ထုတ်ရေးခဲ့ရပေမယ့် အားမရခဲ့တဲ့အပိုင်းတွေလည်းအများကြီးပါခဲ့တယ်။

The Obession...စွဲလမ်းမှု ဥပဒါန်ဆိုပြီး အဓိပ္ပါယ်ဖွင့်နိုင်တာပေါ့နော်။ ဒီဇာတ်လမ်းတစ်ခုလုံးအစွဲအလမ်းအရမ်းကြီးခဲ့သူကတော့ ကင်မ်ဆိုတာ ဖတ်ခဲ့ကြတိုင်းသိကြမှာပါ။ တကယ်လည်းပဲ သူ့ကိုရည်ရွယ်ပြီးသာ ဒီခေါင်းစဥ်ကိုပေးဖြစ်ခဲ့တာရယ်။

နောက်ပြီး မေးစရာရှိလာမှာက ကင်မ်က ဘာကြောင့်နှစ်တစ်ရာလုံး စောင့်ဆိုင်းခဲ့သလဲ နဲ့ သူ့ကိုယ်သူ ဘာကြောင့် မင်းသားထယ်ယောင်းလို့ ထင်မိနေသလဲပေါ့။

စာရေးသူအဲ့ဒါတွေကို ပေါ်ပေါ်လွင်လွင်မရေးနိုင်ခဲ့ဘူး ဒီအတွက်တော့ နားလည်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။

ကင်မ်က နှစ်တစ်ရာလုံး ကိုယ့်ကိုကိုယ် ကင်မ်မှန်းလည်းသိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မသိစိတ်ထဲမှာ ကင်မ်ထယ်ယောင်းသာဖြစ်ရမယ်ဆိုရင်ဆိုတဲ့ စိတ်လေးက အသက်ရှင်ခဲ့စဥ်မှာရော နောက်ဆုံးအချိန်မှာထိ ရှိနေခဲ့ပါတယ် ။

ဒါကြောင့်သူက ကင်မ်ထယ်ယောင်းအဖြစ်ရော သားကြီးကင်မ်အဖြစ်နဲ့ပါ ဂျွန်ဂျောင်ဂုကိုစောင့်နေခဲ့တဲ့သဘောပါပဲ...။ ကင်မ်ရောကင်မ်ထယ်ယောင်းရောက ဂျွန်ဂျောင်ဂုကိုပဲချစ်ခဲ့ကြသူတွေမို့ အတိတ်ရဲ့အရာရာတိုင်းကို ဂျောင်ဂုနဲ့တစ်ခုခုပတ်သတ်တဲ့အရာကသာ မှတ်မိစေခဲ့တာမျိုးပါ။

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 23, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Donde viven las historias. Descúbrelo ahora