Chapter-17

1.1K 94 16
                                    

Unicode

ချင်နိုင်ငံရောက်သည်နှင့် မင်းသားငယ်နှင့်အတူချင်နိုင်ငံမင်းကြီးအားအရိုအသေပြုရင်းမိမိတို့ဘုရင်မင်းမြတ်ပေးအပ်ခိုင်းသည့်စာချွန်လွှာကိုပေးအပ်ကာ နှစ်ယောက်အတူအခစားဝင်ခဲ့ကြသည်။

ထို့နောက်မှာတော့ ဋ္ဌာနေသစ်ကစျေးတန်းနှင့် လူသွားလူလာများသည့်ထင်ရှားသည့်နေရာတို့ကိုလည်ပတ်ခဲ့ကြသည်။

တစ်နေကုန် မမောနိုင်မပန်းနိုင်လည်ပတ်ခဲ့သည့်မင်းသားငယ်၏မျက်နှာထပ်မှာလဲ တစ်တောက်လျှောက်လုံးကိုအပြုံးတို့ဟာ ဖြစ်တည်နေခဲ့တာ...။

လွတ်လွတ်လပ်လပ်နေရတဲ့အရသာကိုမင်းသားငယ်ဟာတော်တော်လေးတောင်းတနေပုံရပါသည်။

အခုတော့ဖြင့်သူလိုချင်တာရသွားသလိုမျက်နှာလေးမှာဝင်းပနေတော့သည်။

ညနေစောင်းပြီးမို့နေဝင်ချိန်အတူကြည့်ကြရန်ချင်နိုင်ငံအနောက်ဘက်ကပင်လယ်ကိုထွက်ခဲ့ကြပြီးကမ်းစပ်၌တစ်ပင်ထဲသောအပင်ခပ်ကြီးကြီးအောက်တွင်နှစ်ဦးသားလုံးနေရာယူလိုက်ကြသည်။

''ဂျွန်''

ပင်လယ်ပြင်ကိုကြည့်ရင်းမှ ထွက်ပေါ်လာသည့်မင်းသားငယ်ရဲ့အသံမှာခပ်သြသြ..။

''ဟိုးနားကပန်းလေးတွေကိုတွေ့လား''

ပင်လယ်ဘက်ကြည့်နေရင်းမှ မျက်စောင်းထိုးနားမှာအစုလိုက်အနေအထားဖြင့်ပေါက်ရောက်နေသည့်ပန်းပင်ငယ်တို့ကိုလက်ညိုးထိုးပြသည်။

ထိုပန်းတွေကဂျိုဆွန်းကူးတို့ဆိပ်မရောက်ခင်က မင်းသားငယ်ခူးခဲ့သည့်ပန်းတွေ..။

ဒီအရပ်မှာတော့ထူးခြားစွာပင် ဂျိုဆွန်းမှာလိုအရောင်တောက်တောက်တွေဟုတ်မနေပဲ အဖြူရောင်တွေနဲ့ပန်းနုရောင်တွေသာရှိသည်။မြင်ရသူအဖို့တော့ ​မျက်စိပဒေသာဖြစ်စေသည်။

မင်းသားငယ်ပြရာဘက်ကိုဂျောင်ဂုကိုယ်တိုင်လဲလိုက်ကြည့်မိသည်။

''ပန်းတွေတိုင်းမှာ အဓိပ္ပါယ်ကိုယ်စီရှိကြတယ်တဲ့ အဲ့ဒါဂျွန်သိလား''

''ကျွန်တော်မသိကြောင်းပါကင်မ်
စစ်သေနာပတိချုပ်နဲ့ပန်းတွေဟာအလှမ်းဝေးလွန်းလှပါတယ် ''

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now