Chapter-16

1.2K 107 36
                                    

Unicode

''ကင်မ်လို့ပဲခေါ်...အဲ့ဒါဆိုအားလုံးအဆင်ပြေပြီ''

မင်းသားငယ်ဟာထိုသို့ပြောသော်ငြား ဘယ်လိုပင်မင်းကြီးရဲ့ညာလက်ရုံးသေနာပတိချုပ်နေရာမှာရှိနေပါစေ မိမိခစားရသည့်မင်းကြီးရဲ့သားတော်ကိုတော့ ရိုသေမှုမရှိသည့်အမည်နာမ်စားအားသူနှုတ်ကမထွက်ဝံ့...။

''ကျွန်တော်မျိုး မခေါ်ဝံ့ပါဘူး မင်းသားငယ်''

''ဂျွန်...ကျွန်တော်တောင်ရာထူးအာဏာကိုတပ်မခေါ်နေတာ ဂျွန်ကဘာလို့မရဲတရဲဖြစ်နေရသလဲ''

မင်းသားငယ်ဟာသူသိခဲ့ရသည့်အတိုင်းခေါင်းမာသည့်လူမှန်းဂျောင်ဂုယခုပင်သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် မခေါ်လျှင်မသွားဘူးဆိုသည့်ပုံစံနှင့် ဆိပ်ကမ်းနားမှာအခင်းမပါဘာမပါနှင့်ထိုင်ချလိုက်ခြင်းကြောင့်ဖြစ်သည်။

''ထပါ မင်းသားငယ်...ခရီးလမ်းကြောင့်ကြာအောင်မလုပ်ပါနဲ့''

''ဟွန့်...ကင်မ်လို့ခေါ်ရတာဘာများအပန်းကြီးသလဲ''

လက်ကိုပိုက်ကာထိုင်ရာကမထဆက်ပြောနေသည့်မင်းသားငယ်ဟာပြောရဆိုရခက်သည့်ကလေးတစ်ယောက်ပမာ..။

စကားများများပြောလေ့မရှိသည့်ဂျောင်ဂုကမင်းသားငယ်နဲ့မှအတွေးလဲများပြောစရာလဲများနေရသည်။

''ထ ထပါ...က..ကင်မ်''

''အော ထပြီ''

မရဲတရဲထစ်ထစ်အအအသံဖြင့်ခေါ်မိတော့မင်းသားငယ်ဟာသဘောတကျပြုံးသည်။ သေချာတာတော့ သည်အပြုံးတွေထဲကျွန်တော်ဟာကျရှုံးသွားနှင့်ခဲ့ပြီဆိုတာပါပဲ...။

''ဂျွန်..''

မည်သူမှခေါ်လေ့မရှိသည့်အမည်နာမ်စားကို
ကင်မ်ကခေါ်ဆိုသည်။

သူခေါ်ဆိုသည့်သည်နာမ်စားနှင့်သူ့အသံခပ်သြသြဟာလိုက်ဖက်လွန်းလှနေသလား ကျွန်တော့်နှလုံးသည်းပွတ်တို့ကိုတရွေ့ရွေ့တုန်ခါစေသည်အထိ...။

''ကျွန်တော့်ရဲ့အကိုတော်ကိုမြင်ဖူးလား''

အမှတ်တမဲ့မင်းသားထံမှထွက်လာသည့်စကားဟာသူ့အကိုတော်ရဲ့အကြောင်းပင်။ဂျောင်ဂုကိုယ်တိုင်လဲ ကင်မ်မျိုးနွယ်မိဖုရားမှာသားတော်နှစ်ပါးရှိသည်ဆိုတာကိုပဲသိရပြီး တခါမျှတော့မမြင်ဖူးခဲ့ပါ...။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now