Chapter-31

1.2K 89 25
                                    

Unicode

''နင်...ကင်မ့်ကိုကြိုက်နေတာလား''

ထယ်ယောင်းအမေးကို ဂျောင်ဂုရော ဂျီဝမ်ပါပြိုင်တူရယ်မိလိုက်ကြသည်။

''ဟမ်!!..ဘာကြီး''

မောင်ဖြစ်သူကြောင့် ဖိီးလ်နေတဲ့စိတ်လေပါပျောက်သွားရသည့် ထယ်ယွန်းကတော့ မအီမလည်ဖြင့်သာ။

ဝိညာဥ်ကိုကြိုက်အောင်ထိတွေးတတ်လွန်းတာမို့လဲ သူကိုယ်တိုင်တောင်အံ့သြမိနေသည့်အထိ ။

''ထယ်ယောင်းရေ...အားလုံးကိုသာတွဲခိုင်းလိုက်ပါတော့။ အဖွားကိုကြိုက်ခိုင်းလိုက်ငါ့ကိုကြိုက်ခိုင်းလိုက်နဲ့ နင်ဘာဖြစ်ချင်နေတာတုန်း!''

''နင်ကခရီးထွက်သွားတော့မယ့်ရည်းစားကို မခွဲနိုင်မခွာရက်ဖြစ်နေသလို မျက်နှာဖြစ်နေလို့ငါကထင်မိတာလေ...''

''သူကနင်နဲ့မျက်နှာတူတူပဲလေ ငါ့မောင်လေးလို့ပဲမြင်နေမိလို့ အခုလိုဆုံတွေရတဲ့ခဏအတွင်းမှာတောင် မောင်လေးလို့ပဲမြင်မိနေတာ

ပြီးတော့ ဒီမျက်နှာကမခွဲနိုင်မခွာရက်ဖြစ်နေတာမဟုတ်ဘူး ငတုံးလေးရဲ့။

ဝိညာဥ်မြင်ရတဲ့သူတစ်ယောက်အတွက် အဲ့ဝိညာဥ်ကိုကျွတ်လွတ်အောင်လုပ်ပေးခွင့်ရတာကို အရမ်းကိုဝမ်းသာမိတာမို့ အခုလိုဖြစ်ရုံပဲ။

ကင်မ့်က်ိုချစ်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းမောင်နှလိုစိတ်ပဲ...။''

''အဲ့လိုလား...''

''အော...Dramaတွေကြည့်တာလျော့တော့ ကင်မ်ထယ်ယောင်း''

''အဖွားကတော့...''

''stop...! ဒီမှာပဲ ရပ်တော်မူလိုက်ပါ ကင်မ်ထယ်ယောင်းရေ...''

''ကင်မ်ငယ်ရယ် ပေါက်ကရတွေမတွေးပဲ ဒီကိစ္စကိုမြန်မြန်ပဲအပြီးသတ်လိုက်ရအောင်နော်''

''ကျွန်တော်က ဒီအတိုင်း အထင်လေးပြောရုံပါ''

''ကိုယ်သိပါတယ်...။ဒါပေမယ့် အထိန်းတော်မင်ရော ကင်မ်ထယ်ယွန်းရောက ကင်မ့်ကိုမေတ္တာငတ်နေတဲ့ကလေးအဖြစ်မြင်မိကြပြီး ကရုဏာဖြစ်မိကြသူတွေမို့ အခုလိုနည်းနည်းလေး ပိုကဲသာမိကြရုံပါပဲ...။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now