Chapter-9

1.4K 112 53
                                    

Unicode

ထယ်ယောင်းဆိုးလ်ကိုရောက်သည့်အချိန်မှာ ည8နာရီကျော်လေပြီ။ဘက်စ်ကားတွေလဲမရှိတော့မည့်အချိန်မို့ တက္ကဆီငှားရန်သာ လမ်းပေါ်ထွက်ရတော့သည်။

''ဒီနေ့မှကားတွေကလဲအလာကြဲလိုက်တာ''

နာရီဝက်ကြာရပ်နေသည့်တိုင်တက္ကစီဟူ၍တစ်စီးတလေမျှတောင်မမြင်ရသည်မို့စိတ်လေမိသည်။ကားစုတ်ကြောင့်သာမဟုတ်ရင်အိမ်ရောက်ပြီးအခုချိန်နားလို့ရနေလောက်မည်ဖြစ်သည်။

အခုတော့ဖြင့်ကားစောင့်ရင်းဒီနေရာမှာတင်ညအိပ်ရမည့်ကိန်းကဆိုက်နေလေပြီဖြစ်သည်။

ငြီးတွားနေရင်ပင်မိမိရှေ့မှောက်ထိုးရပ်လာသည့်ကားတစ်စီးကြောင့် မောင်းသူနေရာကို ကြည့်လိုက်မိသည်။ ကားမီးကြောင့် ဘယ်သူဘယ်ဝါရယ်တော့မသိ ။ မကြာလိုက်ပါ ကားပေါ်ကလူတစ်ယောက်ဆင်းလာသည်။

လူကလဲပြတ်နေချိန်မှာအခုလိုတွေ့လိုက်ရတာမ်ို့ဝမ်းသာမိသော်လည်း တစ်ဖက်ကအနုတ်ဘက်အတွေးမှာတော့လူဆိုးမှန်းမသိလူကောင်းမှန်းမသိမို့ ကြောက်လန့်မှုကရှိနေပြန်သည်။

ပြန်ပေးသမားတော့မဟုတ်လောက်ဘူးမလား...။

''ဒီမှာ...ကျွန်တော့်ကိုမှတ်မိတယ်မလား''

ကြားဖူးနေသည့်အသံမို့ခေါင်းမော့ကြည့်တော့ ဘူဆန်မှာဆုံခဲ့သည် လူဖြစ်နေသည်။ထ်ိုလူကိုမြင်လိုက်သည်နှင့်ခုနစိုးထိတ်မှုတို့ဟာကြက်ပျောက်ငှက်ပျောက်ပင်ဖြစ်သွားရသည်။လုံခြုံသွားသလိုခံစားချက်ဟာထိုလူနဲ့တွေ့မှခံစားဖူးခဲ့သည်။

သည်လူဟာကျွန်တော့်အတွက်ထူးခြားနေတယ်လို့ခံစားရတယ်...။

အပြန်လမ်းမှာလဲဂျောင်ဂုဘူဆန်ကနေဆိုးလ်ကိုကိုယ်တိူင်မောင်းနှင်ခဲ့သည်။ဘူဆန်မှထွက်ချိန်မှာညနေစောင်းပင်ဖြစ်နေပြီမို့ ဆိုးလ်ကိုရောက်ရှိချိန်မှာ 8နာရိီပင်ကျော်လုခဲ့ပြီ။

မောင်းနှင်နေရင်းပင် တစ်ဖက်ကပလက်ဖောင်းဘက်ကိုအကြည့်ရောက်မိတော့ စိတ်ထဲတောင်းတနေမိသည့် ပုံရိပ်ငယ်လေးကို အဝေးကပင်ထင်ရှားစွာသူမြင်တွေ့လိုက်ရသည်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now