Chapter-18

1.1K 88 14
                                    

Unicode

အနောက်ဘက်နန်းဆောင်ဟာ မယ်တော်မိဖုရားဆီမှမသွားရန်သတိပေးချက်ရထားသည်မို့တားမြစ်နေရာမှန်းထယ်ယောင်းသိခဲ့ရသည်။ဒါကြောင့်ပဲ ထိုနေရာမှာ ဂျောင်ဂုနဲ့တွေ့ဆုံရန်တွေးခဲ့တာပင်။

ဒီနေ့တော့နေမဝင်ခင်လေး ဂျွန်နဲ့တွေ့ချင်နေတာမို့ထိုနေရာမှာတွေ့ဆုံရန်ချိန်းမိလိုက်သည်။

ချင်နိုင်ငံမှာချစ်သူဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ ဂျွန်နဲ့သီးသန့်တွေ့ဆုံမှုဆိုတာဟာမရှိသလောက်ကိုနည်းပါးခဲ့ပါသည်။

ရက်သတ္တပတ်များစွာချစ်သူရည်းစားဖြစ်နေသည်တိုင်မတွေ့မမြင်ရသည်ကများတာမို့လွမ်းဆွတ်တမ်းတစိတ်ဟာလဲတစ်ရိပ်ရိပ်ကိုတိုးလေပြီပေါ့...။

ဂျွန်ရောက်မလာခင်ထိုနေရာမှာကြိုစောင့်နေခဲ့ပြီး ဂျွန်ရောက်သည်နှင့်အပြေးလေးပွေ့ဖက်မိသေးတာ။

ဒီရင်ခွင်မှာခိုနားလိုက်ဖို့ရွေးချယ်ခဲ့ပေမယ့် ယခုမှပဲခိုလှုံခွင့်ရသည်မလား...။

ချစ်ရသူကိုစိတ်တိုင်းကျလည်းတွေ့ခွင့်မရသလို ဒီလိုပွေ့ဖက်ထိတွေ့ဖို့ဟာလဲ ခက်ခဲလွန်းတဲ့ကျွန်တော့်ဘဝပါပင်။

ဒီနေ့လေးတော့အချိန်,ရာထူးအာဏာတွေကိုမေ့ပြီးဂျွန့်ရင်ခွင်ထဲပဲတမ်းတမိသမျှအလွမ်းဖြေလိုက်တော့မယ်။

''သိပ်လွမ်းနေခဲ့တာ''

ကျွန်တော်ရောက်သည်နှင့်ပွေ့ဖက်ကာကြိုဆိုခဲ့သည့် ကင်မ်။ရင်ခွင်ထဲပြေးဝင်လာသည့်ထိုကောင်လေးကိုမလွတ်တမ်းဖက်တွယ်ထားမိလိုက်ပါသည်။ ဒီရက်ထဲလစ်ဟာနေသလိုခံစားချက်ဟာ အခုမှပဲပျောက်ကင်းသွားရသည်။

လိုအပ်နေတာ ကင်မ့်ရဲ့အခုလိုပွေ့ဖက်မှုပဲထင်ပါရဲ့...။

မျက်နှာထပ်ကိုလက်ဖဝါးနုနုတို့ဖြင့်အုပ်မိုးကာကိုင်တွယ်ရင်း ကင်မ်ဆိုသည်က သိပ်လွမ်းနေခဲ့သည်တဲ့...။

''ဒီမျက်ရည်တွေမကျပါနဲ့လားကင်မ် ကျွန်တော်ပူလောင်ရတယ်  ''

ကျွန်တော့်ကိုကြည့်ရင်းမျက်ရည်တွေရစ်သိုင်းလာသည့်မင်းသားငယ်ရဲ့ကျလုဆဲဆဲမျက်ရည်တွေကိုလက်မဖြင့်ခပ်ဖွဖွသုတ်ပေးရင်းပြောမိတော့ တိုးလို့ကျလာသည့်မျက်ရည်စတွေ ။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now