Chapter-21

1K 93 18
                                    

Unicode

''မင်းသူနဲ့လမ်းခွဲစရာမလိုဘူး ထယ်ယောင်း ''

ရုတ်တရက်ဆန်စွာထပ်ပြောလာသည့်ကင်မ့်စကားကြောင့် ထယ်ယောင်းထပ်မံကာအံ့သြနေရပြန်သည်။

''အကိုတော်လဲ ဂျွန့်ကိုချစ်.. ''

''ထားလိုက် ကိုယ့်ကိုမချစ်တဲ့သူကိုလုယူရမယ့်အလုပ်မျိုးငါမလုပ်ဘူး ''

ထယ်ယောင်းမှာ အကိုဖြစ်သူဖြတ်ပြောလာသည့်စကားကြောင့် ပါးစပ်ကိုလက်ဖြင့်ဖိကာလိုက်ရသည်။ အကိုတော်ကဒီလိုကျတော့လဲအရမ်းမိုက်တာပဲ ဟုလည်းစိတ်ထဲသတ်မှတ်လိုက်တော့သည်။

''ဒါနဲ့ဘယ်လိုကူညီမှာလဲဟင်''

မရဲတရဲမေးလာသည့် ထယ်ယောင်းကိုကင်မ်ပြုံးပြလိုက်ပြီး သူ့အနားကိုကပ်လာရန်အချက်ပြလိုက်သည်။

အနားကိုကပ်ကာနှစ်ယောက်ထဲတိုးတိုး,တိုးတိုး လုပ်နေကြသည့်ညီအကိုနှစ်ယောက်ကိုအထိန်းတော်မင်ကတော့ပြုံးလျက်သာကြည့်နေမိတော့သည်။

''အထိန်းတေယ်မင်!''

နှစ်ယောက်သားစကားပြောပြီးနောက် ပြိုင်တူအခေါ်ပြုလာသည့် ညီနောင်နှစ်ဥိီး...။မျက်နှာထပ်မှာလဲ အပြုံးတို့ကဝေဆာလို့ ။ဒါပေမယ့်အဲ့အပြုံးကဘာလို့ အန္တရာယ်ရှိတယ်လို့ခံစားရလာပါလိမ့် ။ကျောတောင်ချမ်းလာသလိုပဲ...။

''အထိန်းတော်မင် ကူညီပေးရမှာရှိတယ်''

''ဗျာ''

ညီအစ်ကိုနှစ်ယောက် ပွစိပွစိဖြင့်တိုးတိုးလေးကပ်ပြောပြပြီးနောက်မှာတော့ အထိန်းတော်မင်မျက်နှာမှာသွေးမရှိသလိုဖြူဖျော့သွားရတော့သည်။

ဒီညီအစ်ကိုနှစ်ယောက်က သူ့ကိုရိုးရိုးမသတ်ချင်လို့ ကြိုးစင်တင်ပြီးဘုရင်လက်အပ်ချင်နေတဲ့သဘောပါလား...။

''ဘယ်လိုလဲ ကူညီမှာလား''

သခင်လေးကင်မ်ကပါအမေးပြုလာပြီမို့ မတတ်သာတဲ့အဆုံး ဒီညီအစ်ကိုနှစ်ယောက်ရဲ့အကြံထဲဝင်ပါရန်သာလက်ခံလိုက်ရတော့သည်။

.
.
.

''အရှင်မင်းကြီး''

ဘုရင့်ဥယျာဥ်တော်အတွင်းမင်းကြီးနဲ့အခြွေအရံတို့လှည့်လည်ကြည့်ရှူနေကြစဥ် အနောက်မှအခေါ်ရှိလာတာမို့ လှည့်ကြည့်မိသည်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now