Chapter-35

1.2K 82 54
                                    

Unicode

''သားဂျွန်....မငယ်လွန်းဘူးလားကွယ် မင်းနဲ့ဆယ်နှစ်နီးပါးကိုကွာနေတာ မင်းကအတည်တကျဆိုရင်တောင် ကလေးသာသာလေးက မင်းကိုတကယ့်စိတ်ရင်းဆိုတာမဖြစ်နိုင်ဘူးလေ''

ထယ်ယောင်းအသက်ကိုသိရတော့ သားအမိနှစ်ယောက်သီးသန့်စကားပြောရန် စာဖတ်ခန်းကိုသွားလိုက်ကြရင်း အမေဖြစ်သူထံမှပြောစကားတွေကြောင့် ဂျောင်ဂုလဲ သက်ပြင်းချလိုက်ကာ

''သူကကျွန်တော်စောင့်နေခဲ့ရတဲ့ ကျွန်တော့်ရဲ့ကင်မ်ပါမေမေ''
အမေဖြစ်သူရဲ့မျက်လုံးကိုကြည့်ကာ ယုံကြည်ပေးပါဟူသည့်အရိပ်အယောင်တို့ပြကာပြောလိုက်သည်။

''ကင်မ်ထယ်ယောင်း ဖြစ်တိုင်း ကင်မ်လို့ပြောလို့ရလား''

သို့သော်အမေဖြစ်သူကတော့ ဒီအစွဲအလမ်းကို သားဖြစ်သူစိတ်ကျဥ်းကြပ်မှုမဖြစ်စေရန် ဘာမှမပြောပဲနေခဲ့ပေမယ့် ကိုယ်တိုင်ကသဘောကျခဲ့တာမျိုးလည်းမဟုတ်ခဲ့တော့ အခုထပ်မံကာ သိရသည့်အကြောင်းအရာကြောင့် အနေအထားကွဲလွဲကာလေသံတို့ပါမာသွားခဲ့သည်။

''အဲ့ဒါတွေကျွန်တော်အားလုံးသိရပြီးပြီ နောက်ပြီး သူကကင်မ်ဟုတ်မနေတောင် ကျွန်တော်ကသူ့ကိုချစ်တယ် မေမေ...။

အတိတ်ဘဝကိုစွဲလမ်းစိတ်ကြောင့် ဒီကလေးကိုကျွန်တော်ရွေးခဲ့တာမဟုတ်ဘူး ။ နှလုံးသားကဖြစ်တည်တဲ့ ခံစားချက်အတိုင်းပဲ ဒီကလေးကိုရွေးခဲ့တာပါ ။

ဒါကြောင့်မို့ ကျွန်တော်ကတော့ သူ့ကိုလက်လွှတ်အဆုံးရှုံးခံမှာမဟုတ်ဘူး။သူကလဲအဲ့လိုပဲ...။''

ဆုံးဖြတ်ချက်ခိုင်မာနေသည့်အတိုင်း ပြောလာသည့် သားဖြစ်သူကြောင့် ဂျောင်ဂုအမေလည်း ကိုယ့်သွေးသားစိတ်ချမ်းသာဖို့အရေးရှေးရူလိုက်ကာ စိတ်ကိုလျော့လိုက်ရသည်။

''ကောင်းပြီ...သားဂျွန်လည်းစဥ်းစားချင့်ချိန်နိုင်တဲ့အရွယ်ကိုရောက်ပြီ ။ မေမေဘာမှဝင်မစွက်ဖက်တော့ပါဘူး။ပြီးတော့ ကလေးကိုအမေလည်းပဲသဘောကျပါတယ်။

ဒါပေမယ့် ဒီကိစ္စကို သားအဖေကိုလည်း အမေတို့ပြောပြသင့်တယ်။''

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now