Chapter-8

1.5K 127 20
                                    

Unicode

ဂျောင်ဂုအနားမှာအမြဲတမ်းရှိနေတတ်သည့် အငွေ့ဖြူပုံရိပ်လေးဟာလည်း ဂျောင်ဂုနည်းတူထယ်ယောင်းကိုစူးစိုက်ကြည့်နေမိသည်။

{ငါနဲ့သူကဘာလို့ဒီလောက်တူလွန်းနေတာလဲ ဂျွန်သူ့ကိုငါလို့အထင်မှားနေပြီလား}

ထယ်ယောင်းကိုတလှည့် ထယ်ယောင်းကိုငေးစိုက်ကြည့်နေသည့်ဂျောင်ဂုကိုတစ်လှည့်ကြည့်နေမိတော့သည်။

{ဂျွန် သူက ကင်မ် မဟုတ်ဘူးနော် ကျေးဇူးပြုပြီးသူ့ကို ကျွန်တော်လို့မထင်လိုက်ပါနဲ့}

မကြားနိုင်သော်ငြား ဂျောင်ဂုအားကပ်ကာပြောနေသည့် ပုံရိပ်ငယ် ။မျက်ဝန်း၌ပုလဲဥများခိုတွဲကာပင် သူလို့မထင်လိုက်ဖို့ တဖွဖွတောင်းဆိုနေမိသည်။

''မင်းကိုယ်ဆီပြန်လာခဲ့ပြီလား....ကင်မ်''

ဂျောင်ဂုကထယ်ယောင်းကိုပြောလိုက်သည့်ထိုစကားကြောင့် ပုံရိပ်ငယ်မှာ ခေါင်းအတွင်တွင်ရမ်းကာ မျက်ရည်များကျဆင်းရင်း

{ဂျွန်ရဲ့ကင်မ်က ဂျွန့်အနားမှာပဲအမြဲရှိခဲ့တာပါ သူမဟုတ်ဘူး ဂျွန်ရဲ့}

ဝိညာဥ်ဖြစ်သည့်အလျောက်ထိတွေ့ခွင့်လဲမရ...,မိမိအသံကိုလဲမည်သူတစ်ဦးတစ်ယောက်ကမှမကြားနိုင်သောကြောင့် ပိုတိုးကာဝမ်းနည်းမိသည်။ သူ့ကိုမမြင်ရသည့် ဂျောင်ဂုအနားမှာသာကပ်တွယ်နေရင်း အရှေ့ကထယ်ယောင်းကိုသာကြည့်နေမိတော့သည်။

ရုတ်တရက်ပြောလိုက်သည့် အရှေ့ကလူထံမှစကားကြောင့် ထယ်ယောင်းဖုန်းကနေမျက်စိခွာကာထိုလူ့ကိုကြည့်လိုက်မိသည်။

မျက်ရည်များဝေ့သီနေသည့်မျက်ဝန်းအစုံက သူစိမ်းတစ်ယောက်ကိုကြည့်နေခြင်းမျိုးမဟုတ်ပဲ ချစ်ခြင်းမေတ္တာများကိန်းဝပ်နေသည့်အကြည့်တွေပင် တဆက်တည်းမှာပဲ ကြွေကွဲဖွယ်ရာလဲကောင်းနေပြန်သည့်အကြည့်တွေ။

ထိုလူကဘာကြောင့် အခုမှမြင်ဖူးသည့် ကျွန်တော့်အားထိုသို့ကြည့်ရခြင်းလဲ။

''ဒီမှာ အဆင်ပြေရဲ့လား ''

''အာ ဟုတ်ကဲ့ပြေပါတယ်''

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now