Chapter-30

1.2K 100 40
                                    

Unicode

''ဂျွန်ဂျောင်ဂုနဲ့ အခုကိစ္စက ဘာတွေပတ်သတ်နေတာလဲ အမငါ့ကိုပြော''

အခြေအနေတွေငြိမ်သက်သွားချိန် ထယ်ယောင်းထံမှထွက်ပေါ်လာသည့်စကား...။

''သူနဲ့ပတ်သတ်နေတယ်မလား''

''ဖုံးကွယ်ထားဖို့မကြိုးစားနဲ့''

ထယ်ယွန်းဖြေရခက်ဟန် နှုတ်ခမ်းကိုဖိကိုက်ထားမိသည်။ ထယ်ယောင်းကလဲ အမဖြစ်သူအနားကိုကပ်ကာ မျက်နှာချင်းဆိုင်ကာ ပြောခိုင်းနေတော့သည်။

''သူအိမ်ကိုလာတယ် နင်တို့နှစ်ယောက်ထဲစကားပြောဖို့ ငါ့ကိုရှောင်ခိုင်းတယ်။နောက်နေ့ကျ ဘာတွေပြောကြလဲမေးရင် တစ်ယောက်မှငါ့ကိုမဖြေဘူး ။

အိပ်မက်တွေစမက်တာလဲအဲ့ကထဲကပဲ။ငါ့ကိုရူးမသွားစေချင်ရင်အခုပဲဖြစ်ဖြစ်ပြော''

ဖြေမယ့်ပုံမပေါ်သည့် ထယ်ယွန်းကို ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ရင်းမေးမိသည်။

ဒီတနေ့ဖြစ်ရပ်တွေနဲ့တင်သူရူးချင်နေပြီ။ဒါကိုဖုံးကွယ်ထားဖို့လုပ်နေတာမို့ အမဖြစ်သူကိုပါ ဒေါသထွက်မိနေသည်။

''ထယ်ယောင်း...အဲ့ဒါက''

''ကိုယ်ပြောပါ့မယ် ကင်မ်ငယ်''

ထယ်ယွန်းကထစ်အစွာပြောဖို့ကြိုးစားနေတုန်း အိမ်ထဲဝင်လာသည့် ဂျောင်ဂုကဝင်ပြောတော့ ရှိနေသူသုံးယောက်ရဲ့အကြည့်ဟာ ဂျောင်ဂုထံသိူ့တပြိုင်တည်း...။

.
.
.

''ဒါဆိုသူက လူကြီးရဲ့ယောက်ဖတော်တာပေါ့''

အကြောင်းစုံများအားလုံးရှင်းပြပြီးသည့်နောက်မှာ ပိုမိုကာအလိုမကျသောမျက်နှာဖြင့် ထယ်ယောင်းမေးလာလျှင် ဂျောင်ဂုလဲခေါင်းသာငြိမ့်ပြလိုက်ရတော့သည်။

''အခုဒါကိုဘယ်လိုလုပ်ကြမှာလဲ''

''ကင်မ်ငယ်...''

''ခင်ဗျားကိုမမေးဘူး ကျွန်တော့်အမကိုမေးတာ''

မျက်စောင်းထိုးကာ ပြောရင်းကျောပေးကာ သူ့အမဘက်လှည့်သွားသည့် ထယ်ယောင်းကြောင့် ဂျောင်ဂု ပြုံးမိလိုက်သေးသည်။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)حيث تعيش القصص. اكتشف الآن