Episode (2)

3.3K 315 92
                                    

Unicode

" ထမင်းကိုကုန်အောင်စားရမယ်နော် သန့် "

မွန် စားပွဲခုံပေါ် ထမင်းပန်းကန်နှစ်ချပ်ကိုတင်ရင်း စကားပြောလိုက်သည့်အခါ သန့်က အပေါ်ဘက်ကိုမော့ကြည့်လာ၍ နှုတ်ခမ်းလေးကိုပါစူထော်၏ ။ လက်ညှိုးဖောင်းဖောင်းလေးဖြင့် ထမင်းပန်းကန်ကိုထိုးပြီးမှ

" သန့် အဲဒါကိုကြိုက်ဘူး မေ "

" မကြိုက်ရင်လဲနည်းနည်းတော့စားရမယ် သန့် ၊ မေ သေသေချာချာကြော်ပေးထားတာလေ ၊ သန့်ကြိုက်တဲ့ပြောင်းဖူးလဲပါတယ် ၊ ပဲစေ့အစိမ်းလေးနဲ့ မုန်လာဥနီလေးကိုပါထည့်ပေးထားတာ "

" အဲဒီအနီကိုမကြိုက်တာပါဆို "

ပြောနေရင်း မျက်ရည်ဝိုင်းလာသည့် သန့် ။ တစ်နေ့လျှင် သုံးကြိမ်ခန့် အနည်းဆုံးငိုတတ်သည့် သန့်ကြောင့် ထူးပြီးလည်း စိတ်မညစ်မိတော့ပေ ။

သန့်က ဂျီကျနေသော်လည်း ကောင်းကတော့ ထမင်းကြော်တစ်ဇွန်းကို စားနေပြီဖြစ်သည် ။ သန့်နှင့်ကောင်းမှာ မည်သည့်နေရာတွင်မှတူညီမှုမရှိကြပေ ။ ကောင်းက လူကြီးများလုပ်ပေးသည်ကို ငြိမ်သက်တိတ်ဆိတ်စွာဖြင့် လက်ခံတတ်သော်လည်း သန့်ကတော့ ကန့်လန်တိုက်ရမှကျေနပ်တတ်သူ ။

" ကဲပါ သန့်ရယ် ထမင်းလေးကို မငိုယိုဘဲနဲ့ အေးအေးဆေးဆေးစားစမ်းပါဟယ် ၊ ​ကြည့်စမ်းကောင်းတောင် ထမင်းစားနေပြီ တွေ့လား ၊ စား...စား... မေက အလုပ်တွေလုပ်ရအုံးမယ် "

ထိုအခါ သန့်က မျက်နှာချင်းဆိုင်ရှိ ကောင်းကို အတန်ကြာကြည့်နေပြီးမှ မျက်နှာပေါ်ရှိမျက်ရည်များကို လက်ဖဝါးဖြင့်သုတ်ပစ်၏ ။ ထမင်းကြော်ကိုဇွန်းဖြင့်ခပ်ယူပြီး ပါလာသည့် မုန်လာဥနီများကိုကြည့်လိုက် မွန့်ကိုမော့ကြည့်လိုက်လုပ်ပြီးမှ ပါးစပ်ထဲသို့ထမင်းကြော်ကိုထည့်ကာ မျက်နှာကိုရှုံ့မဲ့ပြလာသောကြောင့် မရယ်မိအောင်ထိန်းထားရသည် ။ မစားသည်လည်းမဟုတ်ပါဘဲ တမင်ကိုဂျီကျပြခြင်းပင် ။

" ကောင်းလဲ ဖြည်းဖြည်းစား ၊ ထမင်းကြော်ထပ်
လိုရင် တီတီ့ဆီမှာလာတောင်းနော် ကောင်း ၊ သန့် ကောင်းကို စိတ်ညစ်အောင်ဘာမှမလုပ်ရဘူးနော်... ကြားလား "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now