Episode (16)

1.5K 172 65
                                    

Unicode

" ကိုကြီး "

နောက်ဘက်မှထွက်ပေါ်လာသည့် အသံချိုချိုလေးကြောင့် ပုလဲ၏အကြည့်မှာ မုန့်ထုပ်များဆီမှ နောက်ဘက်သို့ရောက်သွားရသည် ။ ချစ်စရာမျက်နှာပိုင်ရှင်လေးက သန့်၏နောက်တည့်တည့်တွင်ရပ်လျက်ရှိနေပြီး မျက်လုံးများမှာလည်း သန့်၏နောက်ကျောပြင်ကို စူးစူးနစ်နစ်ကြည့်လျက် ။ ကာယကံရှင်ကတော့ သူ့ကိုခေါ်နေမှန်း သိဟန်မတူဘဲ ကောင်း၏မျက်နှာကိုကြည့်ပြီး စကားမပြတ်ပြောနေသောကြောင့် ပုလဲက သန့်၏လက်မောင်းကို ခပ်ဆတ်ဆတ်လေးရိုက်လိုက်မိသည် ။ ထိုအခါ သန့်က ရှုံ့မဲ့မဲ့မျက်နှာဖြင့် ပုလဲကိုကြည့်လာပြီး ဘာလဲဆိုသည့်သဘောဖြင့် မေးဆတ်ပြလာ၏ ။

" နင့်ကိုခေါ်နေတယ် "

" ဟင် "

" နောက်မှာ နင့်ကိုခေါ်နေတယ်လို့ "

ပုလဲ၏စကားကြောင့် သန့်လည်း နောက်ဘက်ကို ကပျာကယာလှည့်ကြည့်မိ၏ ။ ကိုးတန်းကျောင်းသူလေးက သန့်ကို ချိုမြစွာပြုံးပြနေသဖြင့် သန့်လည်း ဟီးခနဲရယ်ပြမိသည် ။

" ဘာဖြစ်လို့လဲ ညီမလေး "

" ဒါလေး "

ထိုကောင်မလေးက မုန့်များထည့်ထားသည့်အိတ်ထုပ်ကို သန့်ဆီသို့ကမ်းပေးလာသဖြင့် အနည်းငယ်မျှ ကြောင်တောင်တောင်ဖြစ်သွားရသည် ။

" ဒါက "

" ကိုကြီးအတွက်လေ "

" မုန့်မမှာထားပါဘူး "

" ဟုတ်ပါတယ် ၊ ကိုကြီး မုန့်မမှာထားပါဘူး ၊ ညီမလေးက ကိုကြီးကိုခင်လို့ ဝယ်ကျွေးတာပါ "

" ဟင် "

" ညီမလေးက ကိုးတန်းကပါ ၊ ကိုကြီးရဲ့အကြောင်းတွေကိုကြားပြီး ခင်နေမိတာကြာပါပြီ ၊ အဲဒါကြောင့် ခင်မင်မှုအထိမ်းအမှတ်အနေနဲ့ မုန့်ဝယ်ကျွေးတာကို မငြင်းပါနဲ့နော် "

ကောင်မလေး၏မျက်နှာလေးမှာ စကားပြောနေရင်း နီမြန်းလာသလို ခေါင်းလေးမှာလည်း တဖြည်းဖြည်းချင်းငိုက်ကျသွား၏ ။ အနီးအနားရှိ ကျောင်းသားကျောင်းသူအချို့ကလည်း သန့်နှင့်ထိုကောင်မလေးကို မသိမသာရော ၊ သိသိသာသာပါ ကြည့်နေကြလေသည် ။ ပုလဲ၏မျက်နှာမှာ ပြုံးစစဖြစ်နေပြီး ယုယကတော့ ပါးပြင်လေးကိုဖွဖွကုတ်နေကာ ကောင်းကတော့ သန့်၏မျက်နှာကိုသာ စေ့စေ့စပ်စပ်ကြည့်နေလျက် ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now