Episode (26)

1.2K 130 77
                                    

Unicode

နေရောင်ခြည် ထိန်လင်းသော တနင်္ဂနွေနေ့
​နံနက်ဆယ်နာရီအချိန်ခန့်

သန့်က သူ သွားရာနောက်ကို အကောင်ကြီးကြီးနှင့်ချစ်စရာကောင်းလှသော ​ကြောင်လေးလိုမျိုး တကောက်ကောက်လိုက်နေခဲ့၏ ။ ယခုလည်း အိမ်ပေါ်ထပ်ရှိ သူ့အခန်းထဲသို့ လိုက်လာကာ သူလုပ်သမျှကို စိတ်ဝင်တစားကြည့်နေသည့် သန့်၏မျက်လုံးများမှာ ဝိုင်းစက်လျက် ။

" မင်းကိုရတဲ့ကောင်မလေးတော့ သိပ်ကံကောင်းမှာပဲ...သိလား "

ခေါင်းအုံးစွပ်ကိုချွတ်နေသည့် လက်များမှာ အကြောသေသွားသလိုမျိုးတောင့်ခဲသွားပြီး ခေါင်းစောင်း၍ သန့်ကိုကြည့်မိတော့ ချိုသာလှသောအပြုံးမျက်နှာနှင့် ဆုံတွေ့၏ ။

" ဘာဖြစ်လို့ ကံကောင်းမယ်ဆ်ိုပြီး ထင်ရတာလဲ "

ဟု မေးလိုက်တော့ သန့်က မျက်ခုံးထူထူများကို ပင့်လိုက်ပြီးမှ

" နံပါတ်တစ်...  မင်း သန့်ရှင်းရေးလုပ်တတ်တယ် ၊ နံပါတ်နှစ် ထမင်းဟင်းကိုလဲ ကောင်းကောင်းချက်တတ်သေးတယ်လေ ၊ နံပါတ်မှာသုံး ပိုက်ဆံကိုလဲချွေတာတတ်သေးတယ်ဆိုတော့ မင်းကိုရတဲ့ကောင်မလေးမှ ကံမကောင်းရင် ဘယ်ကောင်မလေးက ကံကောင်းမှာလဲ "

သန့်က ရယ်ကျဲကျဲမျက်နှာဖြင့် ပြောလာသော်လည်း သူကတော့ ရယ်ရန်အသာထားဦး ၊ ပြုံးရန်ပင် ခွန်အားမရှိတော့ ။ ထိုအချိန် သန့်က သူ့လက်မောင်းကို ခပ်ဖွဖွထိုးလိုက်ပြီးမှ တဟဲဟဲရယ်ပြလာပြန်သည် ။

" အရေးကြီးတာ ကျန်ခဲ့သေးတယ် ၊ ကောင်းသုတကျော်က လူချောလေးဆိုတဲ့ အရေးကြီးဆုံးအချက်ကို ငါ မေ့သွားလို့...ဆောရီး...ငှက်ပျောသီး "

သန့်၏မျက်လုံးများက ကြည်တောက်နေပြီး သန့်၏နှုတ်ခမ်းကတော့ အထက်ကို ပင့်တက်နေသည် ။

" သန့် "

" ဟင် "

" ငါ့ကို ကောင်မလေးတစ်ယောက်ယောက်နဲ့ စပ်ပေးအုံးဖို့လား "

သန့်၏မျက်နှာက မချိုမချဉ်ဖြစ်သွားပြီး

" ဘယ်လိုသိလဲ "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now