Episode (17)

1.4K 169 65
                                    

Unicode

အမြဲတမ်းတပူးပူးတတွဲတွဲရှိနေခဲ့သည့် ကောင်းက ဘေးဘက်တွင်မရှိသောအခါ နေရသည်မှာ ဟာတာတာ ။ ကောင်း ထိုင်နေကျနေရာကိုကြည့်မိတော့ ဝမ်းနည်းစိတ်မှာလှိုက်တက်လာကာ တံတွေးကိုလည်း ခဏခဏမျိုချနေမိသည် ။ နေမကောင်းဖြစ်နေသည့် ကောင်း၏ပုံသဏ္ဍာန်လေးမှာ သန့်၏အတွေးများကို စိုးမိုးထားပြန်တော့ စာထဲတွင်မည်သို့မှ စိတ်နှစ်၍မရပေ ။

ကောင်း သက်မှသက်သာရဲ့လား ။

ဆယ်တန်းစာမေးပွဲဖြေရန် နီးကပ်လာပြီဖြစ်သောကြောင့် စာသင်ဝိုင်းရှိ ဆရာ ၊ ဆရာမများက သန့်တို့ကို သေ​ချာအနီးကပ်ဂရုစိုက်ပေးသလို သန့်တို့ဘက်ကလည်း ဆရာ ၊ ဆရာမများ၏ သင်ကြားပြသမှုများကို သေချာလိုက်နာကြ၏ ။ ရှေ့ဘက်ရှိ သင်္ချာမေးခွန်းဟောင်းစာအုပ်ကို သတိလက်လွတ်ငေးမောကြည့်နေမိချိန် ပခုံးပေါ်ရောက်ရှိလာသည့် အထိအတွေ့ကြောင့် အတွေးစများမှာ ပြယ်လွင့်သွားကာ ခေါင်းမော့ကြည့်မိသည် ။ သင်္ချာဆရာမက သန့်၏မျက်နှာကို ဂရုတစိုက်ကြည့်နေပြီးမှ အတက်အကျမရှိသောအသံဖြင့် စကားပြောလာ၏ ။

" သန့်မင်းဉာဏ် ... သားကော နေမကောင်းဖြစ်နေတာလား "

" ဗျာ "

​​

​​​​​​​​​​​​​​​​​​​​​​​​​
" သားရဲ့မျက်နှာက မလန်းဆန်းဘူးဆိုတော့ နေမကောင်းများဖြစ်နေတာလားလို့ "

" ကောင်းပါတယ် ဆရာမ "

" စာမေးပွဲကနီးနေပြီဆိုတော့ စိတ်ပူလို့မေးကြည့်လိုက်တာ  ၊ ကဲ...ကဲ...တွက်ခိုင်းထားတာတွေ ပြီးပြီလား "

ဆရာမက သန့်၏စာအုပ်ကို အကဲခတ်ရင်းမေးလာသဖြင့် ခေါင်းကိုသာခါပြမိသည် ။

" စာထဲကိုအာရုံစိုက်ကွယ် ၊ ကောင်းသုတကျော်ကလဲ ရိုးရိုးဖျားတာဆိုတော့ ပြန်ကောင်းမှာပါ သားရဲ့ ၊ သန့်မင်းဉာဏ်ကတော့ သူငယ်ချင်းမပါလာတာနဲ့ မျက်နှာကိုပျက်နေတာပဲ "

ဆရာမကို ပြုံးရုံသာပြုံးပြမိ၏ ။ တကယ်လည်း စိတ်မပျော်ပေ ။ ကောင်း ရှိနေစဉ်က သိပ်ပြီးမသိသာလှသော်လည်း ကောင်း အနားတွင်မရှိသည့်အခါ ပြုံး၍ပင်မရတော့ ။ စာထဲတွင် စိတ်မရှိသည့်အခါ တွက်သမျှက အလွဲလွဲအချော်ချော် ။ ဖျက်ရာ ဗရပွနှင့်သင်္ချာစာအုပ်ကို စိုက်ကြည့်ပြီး သက်ပြင်းချမိသည်မှာ အကြိမ်ကြိမ် ။ ယခင်ကဆို သင်္ချာတွက်လျှင် အရင်ပြီးတတ်သော်လည်း ယခုတော့ နောက်ဆုံးမှတွက်ပြီး၏ ။ ပုလဲနှင့်ယုယပင် ဆရာမဆီသွားပြီး စာအုပ်ထပ်နေပြီဖြစ်သော်လည်း သန့်ကတော့ ငေးငေးငိုင်ငိုင်ထိုင်နေမိဆဲ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now