Episode (50)

1.6K 121 12
                                    

Unicode

" Happy Birthday ကောင်း "

အသံတိုးတိုးနှင့်အတူ ပါးပေါ်ကိုကျရောက်လာသည့် အနမ်းနွေးနွေးကြောင့် ကောင်း၏မျက်လုံးများမှာဖျတ်ခနဲပွင့်သွားပြီး ဘေးဘက်တွင်ထားထားသည့်ဖုန်းကိုယူကြည့်မိ၏ ။ နေ့သစ်တစ်ခုဆီသို့ကူးပြောင်းစအချိန်တွင် ပထမဆုံးကြားလိုက်ရသည့် မွေးနေ့ဆုတောင်းစကားမှာ ရိုးရိုးရှင်းရှင်းဖြစ်နေခဲ့သော်လည်း ထိုဆုတောင်းစကား၏ပိုင်ရှင်မှာ သန့်ဖြစ်နေသည့်အခါ ဝမ်းသာစိတ်မှာလှိုက်ခနဲ ။ စောစောအိပ်ချင်သည်ဆိုပြီး အိပ်ရာထဲကိုဝင်သွားခဲ့သည့် သန့်က သူ့မွေးနေ့ကို သတိတရဆုတောင်းပေးလာပြီး နူးညံ့သိမ်မွေ့လှသောအနမ်းကိုလည်း လက်ဆောင်ပေးသေး၏ ။

ဖုန်းမီးကိုဖွင့်၍ သန့်နှင့်သူ၏ကြားရှိနေရာတွင်ထားလိုက်ပြီးမှ ဘေးဘက်ရှိ သန့်၏မျက်နှာကိုကြည့်လိုက်တော့ ပက်လက်အနေအထားဖြင့် မျက်လုံးပိတ်ကျသွားအောင်ပြုံးပြလာသည့်အတွက် အသည်းတယားယားဖြစ်သွားပြီး ပါးပြင်လေးကိုဖွဖွလိမ်ဆွဲမိ၏ ။ ချစ်သူများဖြစ်သွားကြသော်လည်း သူတို့နှစ်ယောက်၏အနေအထားမှာ ထူးထူးဆန်းဆန်းပြောင်းလဲသွားခြင်းမျိုး မရှိပေ ။

" မွေးနေ့ဆုတောင်းပေးဖို့ အိပ်ဟန်ဆောင်နေတာပေါ့...ဟုတ်လား "

" အင်း "

" အိပ်ရေးပျက်ခံလို့ကွာ ၊ မနက်မှ ဆုတောင်းပေးလဲရတာကို "

" ငါ့ကောင်လေးကို သူများထက်ဦးအောင် ဆုတောင်းစကားပြောပေးချင်လို့ပါ "

ဘာမှမဟုတ်သည့်စကားလေးဖြစ်သော်လည်း ထိုစကားက ကောင်းအတွက်တော့ ပျားရည်လေးလိုချိုချိုမြိန်မြိန် ။ အိမ်မှာသာဆိုလျှင် သန့်ကို အားရပါးရဖက်၍ စကားများများပြောမိနိုင်သော်လည်း သူများအိမ်သို့ဧည့်သည်လာလုပ်နေရသဖြင့် ကြည်နူးစိတ်ကိုထိန်းချုပ်ပြီး နှုတ်ခမ်းကိုက်၍သာပြုံးနေရတော့သည် ။

" ငါ့ကောင်လေးဟုတ်လား "

" အင်းပေါ့...ငါ့ကောင်လေးမဟုတ်လို့ ဘယ်သူ့ကောင်လေးဖြစ်ရမှာလဲ ၊ ကောင်းသုတကျော်က သန့်မင်းဉာဏ်ရဲ့ကောင်လေး "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now