Episode (14)

1.6K 185 62
                                    

Unicode

တဖွဲဖွဲကျနေသောမိုးရေစက်များကြောင့် နံနက်ခင်းရာသီဥတုလေးမှာ ချမ်းစိမ့်စိမ့် ။ ပထမဆုံးကျောင်းဖွင့်ရက်တွင် ကျောင်းသို့ အစောဆုံးရောက်အောင်သွားချင်သည့် ပုလဲကြောင့် သူတို့လေးယောက် ကျောင်းရှေ့ကိုရောက်ချိန်၌ ကျောင်းတံခါးမကြီးပင် မဖွင့်သေးချေ ။ တစ်မိနစ်ခန့်ကြာမှ ကျောင်းစောင့်ဦးလေးကြီးက အပြေးအလွှားလာပြီး တံခါးဖွင့်ပေး၏ ။

" အစောကြီးပါလားကွ "

" ဟီး...ဟီး...နေရာလာဦးတာ "

လေးယောက်ထဲတွင် နှုတ်အသွက်ဆုံးဖြစ်သည့် သန့်က ကျောင်းစောင့်ဦးလေးကြီးကို စကားပြန်ပြောလိုက်၏ ။ ထိုအခါ ဦးလေးကြီးက အပြုံးမျက်နှာဖြင့် ခေါင်းညိတ်ပြလာလေသည် ။ ကျောင်းထဲကိုခြေချလိုက်သည်နှင့် ပျော်ရွှင်မှုကြောင့် ခြေထောက်များမှာ တက်တက်ကြွကြွ ။

သန့်က ဆောင်းထားသည့်ထီးကို မော့ကြည့်ပြီး

" ကောင်း ငါ ထီးပိတ်လိုက်ရမလား "

" မပိတ်နဲ့ သန့် ၊ မိုးရေစိုရင် အင်္ကျီဖြူတွေကို ဖားဥစွဲလိမ့်မယ် "

" အင်း...အင်း...အဲဒါဆို မပိတ်တော့ဘူးနော် "

သန့် ကောင်း ပြောမှသာ သတိထားမိ၏ ။ ထီးမဆောင်းဘဲနေလျှင်  အဖြူရောင်ကျောင်းအင်္ကျီလေး မိုးရေစိုပြီး ဖားဥစွဲသွားနိုင်သည်ကို သန့် မေ့သွား၍သာ ထီးပိတ်လိုက်မည်ဟု ပြောမိခြင်းပင် ။

" သန့် "

" ဟင် "

သန့်က ထီးမှတစ်ဆင့်ကျလာသော မိုးရေစက်များကို လက်ဖဝါးဖြင့်ခံနေရာမှ ဘေးဘက်ရှိ ကောင်းကို ခေါင်းလေးစောင်း၍ကြည့်လိုက်၏ ။

" ဖြည်းဖြည်းလျှောက် သန့် ၊ မင်း မြန်မြန်လျှောက်ရင် ပုဆိုးကို ရွှံ့ရေတွေစဉ်လိမ့်မယ် "

" အေးပါကွ "

" ဟဲ့...  ကောင်း... ငါနဲ့ယုယကိုလဲ ဖြည်းဖြည်းလျှောက်လို့ပြောလေ "

ပုလဲဆီမှထွက်လာသည့် စွာတာတာအသံလေးကြောင့် သန့်က အသံထွက်အောင်ရယ်မိပြီး ယုယကတော့ နှုတ်ခမ်းလေးတွန့်ရုံပြုံးမိ၏ ။ ထမင်းချိုင့်နှစ်ချိုင့်ကို လက်တစ်ဖက်စီတွင်ကိုင်ထားသည့် ကောင်းကတော့ ရှေ့ဘက်သို့သာတည့်တည့်ကြည့်လျက် ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now