Episode (45)

1.2K 96 19
                                    

Unicode

သန့်က ပျော်ရွှင်မြူးထူးနေခဲ့သော်လည်း တစ်ခါတစ်ရံကျတော့ မှိုင်တွေငေးမောနေလျက် ။ မည်သူကြောင့် သန့် မှိုင်နေမှန်းသိရှိသဖြင့်  ပို၍ပင်မခံချိမခံသာဖြစ်ရလေသည် ။ ထက်ဘုန်းနိုင်နှင့်ပတ်သက်သည့်အကြောင်းများကို  မသိမသာရော ၊ သိသိသာသာပါ မေးမြန်းခဲ့သော်လည်း သန့်ဆီမှ ရေရာသေချာသောအဖြေကိုတော့ မရရှိခဲ့ပေ ။ သူ့ဆီမှအမေးစကားများကြားရတိုင်း ချောင်ပိတ်မိသလိုမျိုး ဖြစ်သွားတတ်သည့် သန့်ကိုလည်း သနားပိုမိသောကြောင့် မေးခွန်းများထပ်မမေးမိအောင် ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ရပြန်သည် ။

ရသည့်အချိန်၌ သန့်ကြိုက်တတ်သော ဟင်းများကိုချက်ကျွေးဖြစ်သလို သန့်နှင့်အတူတူ ပုလဲတို့နှင့်လည်းမုန့်ထွက်စားဖြစ်၏ ။ ပုလဲက သျိခငြျစိတျမြားပွညျ့နသေောမကြျလုံးနှငျ့ကွညျ့တိုငျး ခေါင်းကိုသာခါပြမိခဲ့သည် ။ လောလောဆယ်တော့ သန့်ကို ပျော်စေချင်သလို ထက်ဘုန်းနိုင်၏အကြောင်းကိုပြောပြီး သန့်၏စိတ်ကို မနောက်ကျိစေချင်ပေ ။

ဧပြီတစ်လလုံးမရွာခဲ့သည့်မိုးက ယနေ့ နံနက်ခင်းအစောပိုင်းတွင် ပထမဆုံးဖွဲဖွဲရွာလာကာ အပူချိန်မှာလည်းသိသာစွာလျော့ကျသွားသဖြင့် နေရထိုင်ရသည်မှာ အတော်လေးကိုလန်းဆန်းနေတော့၏ ။

အပေါ်ထပ်မှဆင်းလာသည့် သန့်က သံစဉ်တစ်ခုကိုညည်းနေခဲ့ပြီး မည်သည့်သီချင်း၏သံစဉ်ဖြစ်ကြောင်းကိုတော့ ကောင်း မသိသော်လည်း သန့်နှင့်ထပ်တူပျော်ရပါသည် ။ သန့်နှင့်သူ နှစ်ယောက်ဆိုလျှင် သန့်ကသာ အနုပညာကိုပိုစိတ်ဝင်စားလေသည် ။

သန့် လက်နှစ်ဖက်ကိုအပေါ်မြှောက်၍ အကြောဆန့်လိုက်ပြီးမှ မလှမ်းမကမ်းတွင်ထိုင်နေကြသည့် မေနှင့်ကောင်းကို အကဲခတ်လိုက်မိသည် ။ မေကအပြုံးမျက်နှာဖြင့်စကားပြောနေသလို ကောင်းကလည်း ခေါင်းလေးညိတ်၍ မေပြောသမျှကို စိတ်ပါဝင်စားစွာဖြင့် နားထောင်နေ၏ ။ တော်ရုံမပြုံးတတ်သည့် ကောင်း၏နှုတ်ခမ်းလေးမှာ ယခုတော့ အနည်းငယ်မျှတွန့်ကွေးနေကာ မျက်လုံးလေးများပါ အရောင်လက်နေသလိုပင် ။ ထိုအချိန် ကောင်း၏အကြည့်မှာ သူ့ထံသို့ရောက်ရှိလာကာ မျက်နှာမှာလည်း မှုန်ကုပ်ကုပ်ဖြစ်သွားသောကြောင့် ကောင်း မကြိုက်သည့်အရာကိုလုပ်ထားမိသလားဟု အလောသုံးဆယ်စဉ်းစားခန်းဖွင့်ရတော့သည် ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now