Episode (51)

1.6K 116 21
                                    

Unicode

အမည်းရောင်များနှင့်သာပြည့်နှက်နေသော ပတ်ဝန်းကျင်တစ်ခု ။ မည်သည့်နေရာကိုကြည့်ကြည့် မှောင်မည်းနေသလို အေးစိမ့်သောပတ်ဝန်းကျင်ကြောင့်လည်း ခေါင်းအစ ၊ ခြေအဆုံး
အေးကျဉ်နေလေသည် ။

" ကောင်းရေ... ငါ့ကိုကယ်ပါအုံး "

ဟိုးအဝေးတစ်နေရာမှလွင့်လာသော သန့်၏အသံကြောင့် ကောင်း၏မျက်လုံးများမှာပြူးကျယ်သွားသလို ​ခြေလှမ်းများကိုလည်း ထ်ိုအသံလာရာဘက်သို့ဦးတည်လိုက်မိသည် ။ သို့ရာတွင် အလင်းရောင်မရှိသဖြင့် စမ်းတဝါးဝါးလျှောက်နေရသလို အကြိမ်ရေများစွာလည်း ချော်လဲမလိုဖြစ်နေရ၏ ။

" သန့်ရေ ငါ လာပြီနော် ၊ ခဏလေးစောင့်...ခဏလေး... ငါလာပြီ "

ပါးစပ်မှလည်း သန့်၏ကြောက်ရွံ့မှုကိုလျော့ကျသွားအောင် အားပေးစကားပြောနေမိသည် ။ အမှောင်ကြောက်သည့် သန့်က ထိုအမှောင်ထုထဲတွင် သွေးပျက်မတတ်ကြောက်လန့်နေပေလိမ့်မည် ။

" သန့်ရေ...သန့်...ငါ ရောက်တော့မယ်နော် သန့်...အား "

သန့်ဆီကိုအမြန်သွားရမည်ဟု စိတ်အားတင်းရင်း သန့်၏အမည်ကိုပါ တကြော်ကြော်ခေါ်ကာ ရှေ့ဘက်သို့ဦးတည်နေသည့်ခြေလှမ်းများမှာ လေဟာနယ်ထဲပြုတ်ကျသွားကာ အသည်းနှလုံးမှာလည်း တစ်စစီဖြစ်သွားသလိုပင် ။ ထိတ်လန့်တုန်လှုပ်မှုကြောင့် နှုတ်မှလည်း ဘုရားစာကိုတတွတ်တွတ်ရွတ်နေမိကာ မျက်လုံးကိုလည်းမှိတ်ချလိုက်မိ၏ ။ တစ်ယောက်တည်းကြောက်လန့်နေမည့် သန့် ၊ ငိုယိုနေမည့် ဖေဖေ ...မေမေ ... တီတီနှင့် ချစ်ရသည့်​သူငယ်ချင်းများ၏မျက်နှာများကို မြင်ယောင်လာတော့ ယခုဖြစ်ပေါ်နေသည့်ဘေးဒုက္ခထဲမှ လွတ်မြောက်ချင်လာကာ ကယ်တင်ပေးမည့်သူကိုလည်း အာသာငမ်းငမ်းမျှော်လင့်နေမိသည် ။

" အရှင်ဘုရား တပည့်တော်မသေချင်သေးဘူး ဘုရား ၊ တပည့်တော် ချစ်ရတဲ့သူတွေနဲ့ မခွဲချင်သေးဘူး "

အတောမသတ်နိုင်အောင် နက်ရှိုင်းသောချောက်ကြီးထဲသို့ပြုတ်ကျနေချိန် ပြုလုပ်ခဲ့ဖူးသောကောင်းမှုကုသိုလ်များကို ပြန်မြင်ယောင်လာတော့ ထိတ်လန့်တုန်လှုပ်မှုများမှ အနည်းငယ်သက်သာသွားသလိုပင် ။ မည်သူ့အပေါ်မှာမှ မကောင်းသည့်စိတ်ကိုမထားမိသလို ဒုက္ခရောက်အောင်လည်းမလုပ်ခဲ့သည့်အတွက် ​ယခုအချိန်သေရမည်ဆိုလည်း စိတ်အေးအေးဖြင့်သာ သေမင်းကိုရင်ဆိုင်လိုက်တော့မည် ။ ထိုအချိန် ရင်ဘတ်ပေါ်သို့ အနည်းငယ်လေးသောအရာဝတ္ထုတစ်ခုဖိလာပြီး လည်ပင်း၏ဘေးဘက်ကိုလည်း လေငွေ့နွေးနွေးကရိုက်ခတ်လာကာ " ကောင်း "ဆို​သည့် ခေါ်သံလေးကိုပါ တစ်ဆက်တည်းကြားလိုက်ရမှ မျက်လုံးများမှာဖျတ်ခနဲပွင့်သွားတော့သည် ။ သန့်ကတော့ သူ့နာမည်ကိုယောင်ခေါ်ပြီး နှစ်ခြိုက်စွာအိပ်မောကျနေဆဲ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now