Episode (9)

1.7K 196 41
                                    

Unicode

အပေါ်ထပ်ကိုတက်လိုက် ၊ အောက်ထပ်ကိုပြန်ဆင်းလိုက်ဖြင့် သန့်မှာ ဂနာမငြိမ် ။ ယခင်ကဆိုလျှင် အပေါ်ထပ်သို့ တော်ရုံမတက်ဖြစ်ခဲ့ပေ ။ ယခုတော့ နိုးလာကတည်းက တစ်ယောက်တည်းဗျာများပြီး မပျော်မရွှင်ခံစားနေရ၏ ။

မွန် လက်ထဲရှိ တံမြက်စည်းကိုကိုင်ထားရင်း အပေါ်ထပ်မှဆင်းလာသည့် သန့်ကို မျက်လုံးဝေ့ကြည့်မိ၏ ။ သန့်တစ်ယောက် ပျာယာခတ်နေသည်မှာ နံနက်မိုးလင်းကတည်းကပင် ။ တောင်ပြေးလိုက်မြောက်ပြေးလိုက်လုပ်နေသည့်အပြင် အပေါ်ထပ်နှင့်အောက်ထပ်ကို အတက်အဆင်းလုပ်နေသည်မှာလည်း သုံးလေးကြိမ်မကတော့ပေ ။ ယခင်က အပေါ်ထပ်သို့တက်ခိုင်းလျှင် ခေါင်းနာသည် ၊ ဖင်နာသည်ဟု မျိုးစုံအကြောင်းပြပြီး ငြင်းဆန်တတ်သူက ယခုတော့လည်း မမောသည့်အတိုင်းသာ ။

သန့်က ထိုင်ခုံဆီသို့လျှောက်လာပြီး ထိုင်ခုံစွန်းတွင် တင်ပါးလေးသာတင်၍ထိုင်ကာ ခြေသလုံးသားများကို လက်သီးဆုပ်ဖြင့်ဖွဖွထု၏ ။ ​ခြေထောက်နှစ်ချောင်းလုံးကို အကြိမ်ရေအနည်းငယ်ထုပြီးသည်နှင့် မတ်တတ်ထရပ်လိုက်ကာ လှေကားဆီကို ဦးတည်သွားပြန်သည် ။

" သန့် "

" ဗျား "

" ဘယ်သွားအုံးဖို့လဲ "

သန့်က အပေါ်ထပ်ကို လက်ညှိုးဖြင့်ထိုးတော့ မွန်က မျက်မှောင်ကြုတ်၍သက်ပြင်းချလိုက်၏ ။

" သန့်...မေ့သား...မေ ခေါင်းမူးလာပြီဟယ် ၊ ဘယ်လိုဖြစ်ပြီးတော့ တက်လိုက်ဆင်းလိုက်နဲ့ လုပ်နေရတာလဲ "

" မေက ခေါင်းမူးတာ ၊ သန့်က ရင်ထဲမှာပါမူးနေတာ "

" ဘာဖြစ်တယ် ... ရင်ထဲမှာမူးတယ်...ဟုတ်လား ၊ ​သန့်ကတော့ မေ့ကို ပေါက်တတ်ကရတွေပြောတော့မယ် "

" တကယ်...တကယ်လို့ မေရဲ့ ၊ သန့်ရဲ့ရင်ထဲမှာ ချာချာလည်အောင်မူးနေပြီ "

" မူးနေရင် ထိုင်နေတော့ဟယ် "

" မေ့ "

" ဘာလဲ "

" တကယ်ကြီးပေါ့ "

" ဘာကိုတကယ်ကြီးပေါ့လဲ "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now