Episode (42)

1.2K 97 37
                                    

Unicode

လောကကြီးတွင် ခံရအခက်ဆုံးဝေဒနာမှာ ကိုယ်ကသာအပြည့်အဝချစ်နေရပြီး တစ်ဖက်လူက ကိုယ့်အပေါ်မေတ္တာမရှိခြင်းပင်ဖြစ်လိမ့်မည် ။

သန့်မင်းဉာဏ် ကြိုက်နိုင်မည့်မုန့်များကို စိတ်ရှည်လက်ရှည်ရွေးပြီး အားကြိုးမာန်တက်ဖြင့်လာခဲ့သော်လည်း သန့်မင်းဉာဏ်ကတော့ သူ့ကို စိတ်ရှုပ်ထွေးနေသောမျက်နှာဖြင့် မလှမပကြိုဆိုလာခဲ့သည် ။ အပြင်တွင်ပူနေသည့်နေ၏အပူချိန်က သန့်မင်းဉာဏ်၏မလိုလားမှုများပြည့်နေသော မျက်နှာထားကြောင့် ပို၍ပူလောင်သွားသလိုပင် ။

" မျက်နှာကဘယ်လိုဖြစ်နေတာလဲ သန့်မင်းဉာဏ် "

" ကျွန်တော့်မျက်နှာက ဘာဖြစ်နေလို့လဲ ကိုထက်ဘုန်းနိုင် "

" စူပုပ်နေတယ်လေ ၊ ငါကတော့ သင်္ကြန်ရက်အတွင်း မင်းစားပါစေဆိုပြီး မုန့်တွေဝယ်လာရတယ် ၊ မင်းကတော့ ငါ့တွေ့တာနဲ့ မျက်နှာကိုစူပုပ်ထားကော "

" ကျွန်တော် မုန့်စားချင်တယ်လို့ မပြောမိပါဘူး "

လက်ထဲရှိအိတ်များမှာ ပို၍လေးပင်သွားပြီး ခြေလှမ်းများမှာလည်း အလိုလိုနေရင်းနှေးသွားတော့သည် ။ သန့်မင်းဉာဏ်က မုန့်စားချင်ပါသည်ဟုမပြောခဲ့သော်လည်း သူကတော့ သန့်မင်းဉာဏ်ကို ကောင်းမွန်သောမုန့်များ စားစေချင်၏ ။ ထို့အတွက်ကြောင့်လည်း စိတ်ပင်ပန်း ၊ လူပင်ပန်းခံပြီးမုန့်သွားဝယ်ခဲ့ခြင်းသာ ။

" အေးပေါ့... မင်းကတော့ ပြောနိုင်စွမ်းရှိတော့ပြောပေါ့ကွာ ၊ ငါကပဲသောက်ရူး...သောက်ပေါ...ဟုတ်ပြီလား "

ပြန်လှန်ပြောကြားလိုစိတ်မရှိသောကြောင့် ပါးစပ်ကိုသာတင်းတင်းစေ့ပြီး ထိုလူ၏ ဘေးဘက်မကျတကျနေရာမှသာ လမ်းလျှောက်နေမိသည် ။ ထိုအချိန် ထက်ဘုန်းနိုင်၏ခြေလှမ်းများမှာ စက္ကူပန်းအိုးကြီးရှေ့တွင်ရပ်သွားပြီး မျက်နှာထားမှာလည်း ခုနကထက်သုန်မှုန်သွား၏ ။

သိသာစွာပင်ညှိုးခြောက်နေသော စက္ကူပင်က ထက်ဘုန်းနိုင်၏မခံချင်စိတ်ကို ထကြွလာအောင် နှိုးဆွနေလေသည် ။ ရေမကြိုက်သည့်အပင်ဖြစ်သော်ငြား ရေလုံးဝမရ၍လည်းမဖြစ်သော ထိုအပင်မှာ ဒေါ်မွန်မွန်ကြည်၏ဥပေက္ခာတရားကြောင့် မကြာခင်သေဆုံးတော့မည့်သဏ္ဍာန်ပင် ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now