Episode (49)

1.4K 121 22
                                    

Unicode

တို့ဟူး ၊ ကြက်သွန် ၊ ပြောင်းဖူး ၊ အာလူး ၊ မြင်းခွာရွက်များကိုကြော်ထားသည့် အကြော်စုံပူပူနွေးနွေးများမှာ ခပ်လတ်လတ်စတီးလင်ပန်းနှင့်အပြည့် ။ ထိုအကြော်များနှင့်တို့စားရန်အတွက်လုပ်ထားသော အချဉ်မှာလည်း ရန်ကုန်ရှိအကြော်ဆိုင်များတွင်သုံးသည့် အနီရောင်အချဉ်မျိုးမဟုတ်ဘဲ မန်ကျည်းသီးအမှည့်ကို ရေနွေးနှင့်စိမ်ပြီးမှလုပ်သည့် အချဉ်ဖြစ်ကာ  ဂျင်း ၊ ကြက်သွန်ဖြူများလည်းပါသဖြင့် မွှေးကြိုင်လှလေသည် ။

ပုလဲ တို့ဟူးကြော်တစ်ခုကို အချဉ်နှင့်မတို့ဘဲ သည်အတိုင်းစားကြည့်ပြီးနောက် လက်မကိုပါထောင်လိုက်မိသည် ။

" ဟဲ့...နင်တို့တွေ တို့ဟူးကြော်ကိုလဲစားကြည့်အုံး ၊ အရသာကတော့ရှယ်ပဲ...သိလား ၊ အချဉ်နဲ့အစိမ့်အရသာကို ရောထားတာမျိုးဟ "

ပုလဲ၏စကားကြောင့် သန့် စားလက်စပြောင်းဖူးကြော်ကို ကောင်း၏လက်ထဲထည့်ပေးလိုက်ပြီးမှ တို့ဟူးကြော်တစ်ခုကိုယူကာ စားကြည့်မိတော့ ပုလဲပြောသလိုမျိုး အရသာတော်တော်ကောင်းနေ၏ ။
နံနက်ကလည်း ပျဉ်းမနားမြို့ထဲကိုသွားပြီး နာမည်ကြီးနေသည့်တို့ဟူးသုပ်ကို သူတို့အုပ်စု အဝအပြဲစားခဲ့ကြသေးသည် ။ ရန်ကုန်ရှိတို့ဟူးမှာ ခပ်ပျော့ပျော့ပုံစံမျိုးဖြစ်ပြီး သည်ကတို့ဟူးကတော့ ခပ်မာမာဖြစ်ကာ အရသာကလည်းပိုကောင်းနေခဲ့၏ ။

" ကောင်းလား သန့် "

" အင်း... ကောင်းတယ် ၊ မင်းလဲစားကြည့်ပါလား "

" လက်ထဲကဟာကုန်မှ စားကြည့်လိုက်မယ် "

" အင်း...အင်း ၊ ဒီအတိုင်းမစားနဲ့နော် ကောင်း ၊ အချဉ်လေးနဲ့တို့စားချေ "

" အင်းပါ "

" အဟွတ်...အဟွတ်...အဟမ်း "

အဖြစ်သည်းနေကြသည့် ထိုနှစ်ယောက်ကြောင့် ပုလဲ အသံအကျယ်ကြီးဖြင့်ချောင်းဆ်ိုးလိုက်တော့ ယုယက ပုလဲ၏နောက်ကျောကိုဖွဖွပုတ်ပေးရင်း သဘောတကျရယ်မောလေသည် ။ သန့်နှင့်ကောင်းကလည်း အချင်းချင်းစကားပြောနေခြင်းကိုရပ်၍ အကဲခတ်လိုက်ပြီးနောက်  ရယ်ကျဲကျဲဖြစ်နေသည့်ပုလဲ၏မျက်နှာထားကြောင့် တကယ်ချောင်းဆိုးနေခြင်းမဟုတ်ဘဲ ဟန်လုပ်၍ချောင်းဆိုးနေခြင်းဖြစ်ကြောင်း သိရှိသွား၏ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now