Episode (8)

1.8K 202 106
                                    

Unicode

" အန်တီရေ မုန့်တီလေးပွဲ ...ငါးဖယ်သုပ်နှစ်ပွဲ... သ​င်္ဘောသီးသုပ်တစ်ပွဲ...မုန့်ဖတ်သုပ်နှစ်ပွဲ လုပ်ပေးပါနော် ၊ လိုတာကိုတော့ နောက်ပြီးမှထပ်မှာမယ်နော် "

ရခိုင်မုန့်တီရောင်းသည့်ဆိုင်ထဲသို့ ရောက်ရောက်ချင်းမှာပင် သန့်က အသံကျယ်ကျယ်ဖြင့် စားမည့်အရာများကိုမှာနေစဉ် ကောင်း ၊ ယုယနှင့်ပုလဲကတော့ ကော်ခုံအပုလေးများတွင် ထိုင်လိုက်ကြ၏ ။ သည်ဆိုင်လေးက လက်ရာလည်းကောင်းသလို ဆက်ဆံရေးလည်းကောင်းသဖြင့် လေးယောက်လုံး သဘောကျကြသည် ။ အထူးသဖြင့် သန့်နှင့်ပုလဲက ဆိုင်ရှင်အန်တီကြီး၏လက်ရာက်ို အသည်းစွဲ ။

" အေး...အေး...သားလေး... အန်တီ အမြန်ဆုံးလုပ်ပေးမယ်နော် "

" ဟီး...ဟီး...ဟုတ်ကဲ့ "

ပြုံးသောမျက်နှာ ၊ ကြည်သောအသံဖြင့်စကားပြောနေသည့် သန့်ကြောင့် ဆိုင်ရှင်အန်တီကြီး၏မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုဖြစ်ပေါ်သွားသည် ။ သန့်က ကောင်း၏ဘေးဘက်ရှိခုံတွင်ထ်ိုင်ပြီးမှ ကောင်း၏ပခုံးကို လက်ညှိုးလေးဖြင့်ဖွဖွထိုး၏ ။ ထိုအခါ ကောင်းက ဘာလဲဆိုသည့်အဓိပ္ပါယ်ဖြင့်မျက်ခုံးပင့်ပြတော့ သန့်က ဟီးခနဲရယ်ရင်း ခေါင်းလေးကိုဖြည်းဖြည်းယမ်းပြလိုက်သည် ။

" သန့် "

ပုလဲဆီမှ ထွက်ပေါ်လာသည့် ခေါ်သံကြောင့် သန့်၏အကြည့်မှာ ကောင်းဆီမှနေပြီး ပုလဲဆီကိုရောက်ရှိသွား၏ ။

" ဟင် "

" နင် ကောင်းကို တော်တော်ချစ်တာလား "

" ချစ်တာပေါ့ဟ ၊ ကောင်းက ဒီလောက်ချစ်ဖို့ကောင်းတာကို မချစ်စရာလား "

" ကောင်းက ချစ်ဖို့ကောင်းတယ်ပေါ့ "

" အေးလေ... ကောင်းရဲ့အသားလေးဆ်ိုဖွေးဥနေတာပဲလေ ၊ လက်ချောင်းလေးတွေဆိုလဲ ရှည်ရှည်လေးတွေ ၊ နှုတ်ခမ်းလေးဆိုရင်လဲ ရဲတွတ်နေတာပဲ ၊ မေ နှုတ်ခမ်းနီဆိုးရင် ရဲသလိုမျိုးလေး ကောင်းရဲ့နှုတ်ခမ်းလေးကလဲ အလိုလိုရဲနေတာ "

သန့်က ကောင်း၏ခန္ဓာကိုယ်အနှံ့ကို လက်ညှိုးထိပ်လေးဖြင့်ထိတွေ့ရင်း စကားအဆက်မပြတ်ပြောနေသောအခါ ပုလဲက ခေါင်းတညိတ်ညိတ် ။ ကောင်းက တကယ်လည်း ချစ်စရာကောင်းလှ၏ ။ အငယ်ဆုံးသမီးဖြစ်သော ပုလဲကတော့ ကောင်းကို မောင်လေးတစ်ယောက်လို ချစ်ခင်ပါသည် ။ ကောင်းက သည်အတိုင်းဆိုလျှင် ခပ်အေးအေးနေတတ်ကာ စကားလည်းသိပ်မပြောပေ ။ ထိုသို့အေးဆေးသည့် ကောင်းက သန့်နှင့်ပတ်သက်လာလျှင်တော့ အနည်းငယ်ကြောက်စရာကောင်းသွားတတ်သည် ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now