Episode (24)

1.3K 135 102
                                    

Unicode

ပုံမှန်လုပ်နေကျအတိုင်း နံနက်စောစော ရေချိုး ၊ အဝတ်လဲပြီးသည်နှင့် သန့်၏ခြေလှမ်းများမှာ အိမ်အောက်ထပ်ရှိ မီးဖိုခန်းထဲသို့ ။ အသံမကြားရအောင် ဂရုတစ်ိုက်လှုပ်ရှားရင်း မီးဖိုခန်း၏အဝလေးတွင်ရပ်၍ ဖေနှင့်မေကို အတန်ကြာအောင် ကြည့်နေမိ၏ ။

ဖေက ထမင်းစားပွဲတွင်ချထားသည့် ထိုင်ခုံတွင်ထိုင်နေပြီး ဖေ့ ရှေ့ဘက်တွင် ထမင်းကြော်တစ်ပန်းကန်ရှိနေ၏ ။ မေကတော့ ဖေနှင့် မလှမ်းမကမ်းနေရာတွင် မတ်တတ်ရပ်၍ တစ်ခုခုကိုလှီးချွတ်နေသည် ။ မေ့လက်ထဲရှိ အသီးမှာ ကျောက်ဖရုံသီးဖြစ်ရန် ရာနှုန်းပြည့်သေချာလျက်ရှိ၏ ။ မေက ဖေ့အတွက် ကျောက်ဖရုံသီးကို အရည်သောက်လည်းချက်ပေးတတ်သလို  တစ်ခါတလေဆိုလျှင် အစိမ်းသုပ်ပေးတတ်သည် ။

ခြေဖျားထောက်၍ အထဲသို့ဝင်ကာ ဖေ၏နောက်ဘက်တွင်ရပ်လိုက်တော့ မေက မျက်ခုံးလေးပင့်၍ကြည့်လာခဲ့သည် ။

" ရေချိုးပြီးပြီပေါ့ မေ့သား "

" ချိုးပြီးပြီ မေ "

" ထမင်းကြော်စားလိုက်တော့မလား "

" ခဏနေမှစားမယ်နော် မေ "

မေနှင့်စကားပြောနေရင်း ဖေ့ ကုပ်ပိုးလေးကို အသာအယာနှိပ်ပေးလိုက်တော့
ဖေက ထမင်းကြော်စားနေရာမှ သူ့ကိုမော့ကြည့်လာပြီး ကြည်လင်စွာပြုံးပြလာသည် ။

" စားကောင်းလား ဖေ "

" ကောင်းပါ့ဗျာ...သားရဲ့မေလက်ရာက အမြဲတမ်းရှယ်ပဲ "

" ဒါပေါ့...မေ့လက်ရာက အမြဲရှယ် "

အတိုင်အဖောက်ညီညီဖြင့် မြှောက်ပင့်နေကြသည့် သားအဖနှစ်ယောက်ကို မွန် မျက်စောင်းခဲတော့ သန့်က တဟားဟားအော်ရယ်၏ ။

" တော်တော်တတ်နေကြတယ်နော်...ပြောကိုမပြောချင်ဘူး "

" တကယ်ပါဆို မေရဲ့ ၊ မေ့ရဲ့လက်ရာကလေ သန့်အတွက်တော့ အကောင်းဆုံးပဲသိလား ၊ အပြင်မှာဘယ်လောက်ကောင်းတာတွေပဲစားစား မေ့လက်ရာလောက် သဘောမကျဘူး...နော်...ဖေ့...သန့်ပြောတာ...ဟုတ်တယ်နော် "

" အဟုတ်ပဲ မွန်ရ ၊ ကိုသက်လဲ မွန့်လက်ရာတွေဆို အကုန်သဘောကျတယ် ၊ မွန်က ကိုသက်တို့စားဖို့ မေတ္တာနဲ့လုပ်ပေးလို့ထင်ပါရဲ့ကွာ "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now