Episode (36)

1K 100 26
                                    

Unicode

ဖုန်းမြည်သံကျယ်ကျယ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ အလန့်တကြားနိုးလာရပြီး မျက်လုံးတစ်ဖက်ကိုသာဖွင့်၍ ဘေးဘက်တွင်ထားထားသည့်ဖုန်းကို လှမ်းယူလိုက်ရသည် ။ သည်အချိန်ကြီး သန့်ဆီသို့ ဖုန်းမလာဖူးသလို အိပ်ချင်မူးတူးလည်းဖြစ်နေသဖြင့် မျက်လုံးတစ်ဖက်ဖွင့်လျက်ဖြင့်သာ ဖုန်းခေါ်ဆိုနေမှုကိုလက်ခံလိုက်၏။

" ဟယ်လို "

ဟု ထူးလိုက်ချိန် တစ်ဖက်မှ

" အိပ်နေတာလား "

ဆိုပြီး မေးလိုက်သံကြောင့် တစ်ဖက်ပွင့် ၊ တစ်ဖက်ပိတ်ထားသည့် မျက်လုံးများမှာ တစ်ပြိုင်တည်းပွင့်လာရတော့သည် ။ အသံနှင့်အတူ မျက်နှာကိုပါမြင်ယောင်လာတော့ ထိတ်လန့်ကြောက်ရွံ့မှုမှာ သူ့ကို ဝါးမျိုသွားပြီး ထိတ်ထိတ်ပျာပျာဖြစ်သွားသလို ပက်လက်အိပ်နေရာမှ ရုတ်ခြည်းငုတ်တုတ်ထိုင်လိုက်မိ၏ ။ ယခင်ရက်များတွင် လုံးဝအိပ်မပျော်ခဲ့သလို ယနေ့ညတွင်လည်း ခဏမျှသာအိပ်ရသေးသောကြောင့် ဆတ်ခနဲထလိုက်သည့်အခါ ခေါင်းထဲမှာမိုက်ခနဲမူးဝေသွားလေသည် ။

" ကိုထက်ဘုန်းနိုင်လား "

စုတ်သပ်သံတစ်ချက်က ဖုန်းထဲမှကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့သည် ။

" ဟိုရက်ကတော့ မသိလို့ထားလိုက်တော့ ၊ အခုဟာကျတော့ နည်းနည်းလွန်သွားပြီနော် သန့်မင်းဉာဏ် ၊ မင်း ကိုယ့်ဖုန်းနံပါတ်ကိုမှတ်ထားရမှာ...မဟုတ်ဘူးလား "

" မှတ်လိုက်ပါမယ် "

" ဖုန်းပြောပြီးတာနဲ့ တစ်ခါတည်းမှတ်လိုက် "

" ဟုတ်ကဲ့ "

" ဘယ်လိုမှတ်မှာလဲ "

" ဗျာ "

" ကိုယ့်နာမည်ကို ဘယ်လိုမှတ်မှာလဲ မေးတာ "

" ကိုထက်ဘုန်းနိုင်လို့ပဲ မှတ်လိုက်မယ်နော် "

" မကြိုက်ဘူး... အဲဒီလိုမျိုး မမှတ်နဲ့ ၊ နောက်ပြီးတော့ ဘယ်လိုဖြစ်ပြီး ကိုထက်ဘုန်းန်ိုင်ဖြစ်သွားရပြန်တာလဲ "

" ဗျာ "

" အရင်က အစ်ကိုလို့ ခေါ်နေကျလေ "

" အဲဒါက... "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now