Episode (30)

1.4K 113 44
                                    

Unicode

အနည်းငယ်ကျယ်သည့် လမ်းလျှောက်သံကိုကြားရသည်နှင့် ထက်ဘုန်းနိုင် ပါးချိုင့်ခွက်ဝင်သွားအောင် ပြုံးလိုက်မိသည် ။ ပခုံးပေါ်ရှိ သန့်မင်းဉာဏ်၏ခေါင်းလေးကို အသာအယာပွတ်သပ်နေရင်း မျက်လုံးထောင့်ကပ်၍ကြည့်လိုက်ချိန် အားကောင်းမောင်းသန် အမျိုးသားတစ်ယောက်က သူ့ကို ဦးညွတ်၍နှုတ်ဆက်လာ၏ ။

" ကျွန်တော့်ကိုခွင့်ပြုပါ "

" အင်း "

သူ့ဆီမှခွင့်ပြုချက်ရသည်နှင့် ထိုအမျိုးသားက ကောင်းသုတကျော်၏ခန္ဓာကိုယ်ကို အရုပ်လေးတစ်ရုပ်လိုမျိုး မယူ၍ သူတို့အနားမှထွက်သွားလေသည် ။ ကောင်းသုတကျော် မရှိတော့သည်နှင့် လေထုမှာပို၍လတ်ဆတ်လာကာ သန့်မင်းဉာဏ်ဆီမှရရှိနေသည့် အမွှေးနံ့လေးမှာလည်း ဆတက်ထမ်းပိုး မွှေးကြိုင်ထုံမွမ်းလျက် ။ မျက်လုံးလေးဖွင့်ထားချိန် မျက်လုံးကြည်ကြည်လေးများကိုနှစ်သက်ရသလို ယခုလိုမျိုး မှေးမှိတ်ထားသည့်အခါတွင်လည်း မျက်တောင်ရှည်ရှည်လေးများကို မက်မောရပြန်သည် ။

သန့်မင်းဉာဏ်နှင့်ပတ်သက်လာလျှင် မည်သည့်အရာကိုမှ အကောင်းမမြင်နိုင်တော့သည်အထိ သူ့စိတ်နှလုံးသားမှာ အမှောင်ဖုံးလွှမ်း၏ ။ သူ့ကိုသာမြင်စေချင်သည် ၊ သူ့ကိုသာတွယ်စေချင်သည် ၊ သူနှင့်သာ နှစ်ယောက်တစ်ဘဝတည်ဆောက်စေချင်သည် ။ နေ့တွင်ဖြစ်စေ ၊ ညတွင်ဖြစ်စေ သန့်မင်းဉာဏ်ကို သူ့အနား၌ရှိစေချင်ကာ သူ့တစ်ယောက်ကိုသာကြည့်စေချင်၏ ။

" ကိုယ် မင်းကို သိပ်ပြီးပိုင်ဆိုင်ချင်တာပဲ သန့်မင်းဉာဏ်ရာ ၊ ဘယ်သူနဲ့မှ မင်းကို မျှပြီးမချစ်ချင်ဘူး "

ပါးမို့မို့လေးကို လက်ညှိုးဖြင့် ညင်သာစွာပွတ်ဆွဲရင်း စိတ်ခံစားချက်များကို တိုးညင်းစွာဖြင့်ဖွင့်ဟမိ၏ ။ စိတ်ရှိတိုင်းဆိုလျှင် ထိုပါးမို့မို့များကို သွားဖြင့်ကိုက်မိမည်ဖြစ်သော်လည်း ယခုအခြေအနေမှာတော့ စိတ်သွားတိုင်းကိုယ်ပါ၍မရနိုင်ပေ ။ ထို့အတွက်ကြောင့် ဖြစ်ပေါ်နေသည့် စိတ်ဆန္ဒများကိုထိန်းချုပ်ထားရကာ မထိတထိသာ ကိုင်တွယ်နေရ၏ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now